Tuesday, July 31, 2018

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြိတ်-ထားဝယ်ကားလမ်းတချို့၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိ

Image may contain: one or more people, sky, outdoor and nature
သရက်ချောင်း ဇူလိုင် ၃ဝ
တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြိတ်-ထားဝယ် ကားလမ်းမကြီး၏ တချို့နေရာများ၌ ယနေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက် ရှိသည်။
ရေလွှမ်းမိုးသည့် နေရာများ ဖြစ်သော သရက်နှစ်ခွကျေးရွာ မြိတ်-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် (၁၁/၆) နှင့် (၁၁/၇) မိုင်အကြားတွင် လည်းကောင်း၊ မော်ရှည်ကုန်းရပ်ကွက် မြိတ်-ထားဝယ်ကားလမ်း မိုင်တိုင် အမှတ် (၁၄/၇)နှင့် ၁၅မိုင်အကြား တွင်လည်းကောင်း၊ ဆင်ကူး ကျေးရွာနှင့် ဘုတ်ကိုင်းကျေးရွာ ကားလမ်းမိုင်တိုင်အမှတ်(၂ဝ)နှင့် (၂၁)မိုင်အကြားတို့တွင် ရေအနက် တစ်ပေခန့်အထိ လည်းကောင်း၊ စုံစင်ဖျားကျေးရွာ ဒူးရင်းပင်တံတား အနီး ကားလမ်းမိုင်တိုင်အမှတ် (၃၄) နှင့်(၃၅)မိုင်အကြားတွင် ရေ အနက် သုံးပေခန့် လမ်းမပေါ် ရေကျော်တက်လျက်ရှိရာ ယာဉ်များ ပိတ်ဆို့မှု မရှိစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များမှ လူငယ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)

No comments:

Post a Comment