Wednesday, June 27, 2018

သန်လျင် ရေကြောင်းတက္ကသိုလ်-ထောက်ကြန့် YBS 32 ယာဉ်လိုင်းသစ် စတင်ပြေးဆွဲ

Image may contain: 1 person, sky, tree and outdoor
ရန်ကုန် ဇွန် ၂၆
ခရီးသွားပြည်သူများနှင့် ကျောင်းသား ကျောင်းသူ၊ ဒေသခံများ သွားလာမှု လွယ်ကူ ချောမွေ့စေရန်အတွက် သန်လျင် ရေကြောင်းတက္ကသိုလ်မှ ထောက်ကြန့်အထိ ပြေးဆွဲမည့် လူထုမိတ်ဆွေအကျိုးပြု စတုတ္ထ မြောက်YBS 32ယာဉ်လိုင်းသစ်ဖွင့်ပွဲ ကို ယနေ့ နံနက်ပိုင်းက သန်လျင် ရေကြောင်းတက္ကသိုလ်အတွင်း ကျင်းပ ပြီး သန်လျင်ဘက်တွင် ထားရှိ ပြေးဆွဲမည့် ယာဉ်အစီးရေ ၂၅ စီး၊ ထောက်ကြန့် မြို့ရှောင်လမ်း (ဂိတ်ဖျား)မှ ယာဉ်အစီးရေ ၂၅ စီး စုစုပေါင်း ယာဉ်အစီးရေ ၅ဝ ဖြင့် စတင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း လူထုမိတ်ဆွေအများနှင့် သက်ဆိုင် သော ကုမ္ပဏီလီမိတက်က သိရ သည်။
ပိုမိုကောင်းမွန်ပို့ဆောင်စနစ်
လူထုမိတ်ဆွေအများနှင့် သက်ဆိုင် သော ကုမ္ပဏီလီမိတက်မှ Operation Director ကိုတရုတ်လေးက ပိုမိုကောင်းမွန်သော ပို့ဆောင်ရေး စနစ် ဖြစ်ပေါ်လာစေရေး ရည်ရွယ်ချက်ဖြင့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စေရေးနှင့် တက္ကသိုလ်အခြေပြု ယာဉ်လိုင်းများကို ဦးစားပေးလုပ်ဆောင်ရန် ရည်ရွယ်ချက် များရှိပါကြောင်း၊ ယခင်က မီနီဘတ်စ် ယာဉ်ပြေးဆွဲပြီး ယာဉ်စီးရေ နည်းလာသဖြင့် ဝန်ဆောင်မှုအပိုင်း လိုအပ်ချက်များရှိသောကြောင့် ယနေ့ မှာ YBS 32 ကို ယာဉ်အသစ် အနေဖြင့် အစားထိုးပြေးဆွဲခြင်းဖြစ် ကြောင်း၊ ယနေ့ YBS 32 ယာဉ် လိုင်းသစ်ဖွင့်သည့် မင်္ဂလာနေ့ဖြစ် သောကြောင့် ခရီးသွားပြည်သူများကို လည်း ယာဉ်စီးခ အခမဲ့ပေးထား ကြောင်း၊ ယာဉ်လွှတ်စနစ်ကို ထောက်ကြန့်ဘက်မှ နံနက် ၅ နာရီမှ စတင်ဂိတ်လွှတ်ပြီး သန်လျင်ဘက်မှ လည်း နံနက် ၅ နာရီမှ စတင် ဂိတ်လွှတ်ကာ ည ၈ နာရီအထိ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ခရီးစဉ်ပြေး ဆွဲသည့် အကွာအဝေးကြာမြင့်ချိန်ကို မူတည်ပြီး လိုအပ်လျှင် ယာဉ်စီးရေ ထပ်တိုးရန်ရှိကြောင်း၊ လူထု မိတ်ဆွေအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ သယ်ယူပို့ဆောင် ရေးလုပ်ငန်းများမှာ နည်းပညာကို ရယူပြီး ပိုမိုကောင်းမွန်သည့် သယ်ယူ ပို့ဆောင်ရေးစနစ်များ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ယခင်က မီနီဘတ်စ်ယာဉ်များကို ရေကြောင်းတက္ကသိုလ်နှင့် အောင် မင်္ဂလာအဝေးပြေးသို့ ပြေးဆွဲပေး လျက်ရှိရာ ခရီးသည်ပို့ဆောင်မှုများမှာ အဆင်မပြေမှုများရှိကြောင်း၊ ယင်း အဆင်မပြေမှုများတွင် ရေကြောင်း တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများလည်း ပါရှိကြောင်း၊ ကျောင်းသား ကျောင်းသူများသည် အနာဂတ်၏ ခေါင်းဆောင်သစ်များ ဖြစ်သည့်အတွက် သူတို့၏ အခန်း ကဏ္ဍကလည်း အရေးကြီးပြီး ကျောင်းသား ကျောင်းသူများ၏ တင်ပြမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ယခုလို City Bus ယာဉ်များဖြင့် အစားထိုးပြီး ပြေးဆွဲခြင်းဖြစ်ပါကြောင်း၊ ခရီးသည် အနေဖြင့်ရော၊ ကျောင်းသား ကျောင်းသူ အနေဖြင့်ရော မိမိတို့ တွေ့ကြုံရသည့် အခြေအနေအပေါ် အဆင်ပြေမှု၊ အဆင်မပြေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ဖြေရှင်း ပေးသွားမည် ဖြစ်သည့်အတွက် ပြည်သူများက ပူးပေါင်းပါဝင်ပေး ကြရန်လိုကြောင်း ပြောကြားသည်။
အဆိုပါYBS 32ယာဉ်လိုင်းမှာ ယာဉ်စီးခ ခရီးစဉ် အစ၊ အဆုံး ၃ဝဝ ကျပ်ဖြစ်ပြီး ရေကြောင်းတက္ကသိုလ် ဂိတ်စမှ ရေကြောင်းလမ်းဆုံ ဖားအောက်၊ ကျိုက်ခေါက်ဘုရား၊ ၁၈ ကုန်းထိပ်၊ အောင်ချမ်းသာ၊ ဆည်မြောင်း၊ သမဝါယမကောလိပ်၊ ကျားဘုရား၊ ဆေးရုံအပေါ်ကွေ့၊ အောက်ကွေ့၊ ပဲခူးစု၊ ဖို့မြေ၊ သန်လျင် မြို့မဈေး၊ မြို့မလမ်း၊ ဒါရ်ဂါလမ်းဆုံ၊ ရေနံဂိတ်ဝ၊ အောင်သုခမီးပွိုင့်၊ လက်မှတ်ဂိတ်၊ တံတားထိပ်တို့ဖြစ် သည်။ ရန်ကုန်ဘက်ခြမ်းတွင် ဆောက်လုပ်ရေးမှတ်တိုင်၊ ၁ဝ၈ တောင်ဘုရား၊ သာကေတအဝိုင်း၊ ၈ ဂိတ်၊ မြေနီ၊ ကျောင်းကွေ့၊ အနော်မာ၊ ကျောက်တိုင်၊ သုဝဏ္ဏလမ်းဆုံ၊ သုဝဏ္ဏဘောလုံးကွင်း၊ အသင်းတိုက်၊ ခပ်ချီးယား၊ ဇဝနလမ်းဆုံ၊ သရက် တော၊ အောင်ရတနာ၊ ၁၄/၁၅ လမ်းဆုံ၊ ပဒေသာ၊ ရုံးရှေ့၊ တောင် ဥက္ကလာစာတိုက်၊ အင်းဝ၊ နန္ဒဝန် ဈေး၊ တကောင်း၊ ကေတုမာလာကွေ့၊ ပင်းယ၊ တပ်ရင်း ၁၆၊ ၄၃၆ မှတ်တိုင်၊ ၄၃၅ မှတ်တိုင်၊ အုတ်ပုံဆိပ်၊ ကျောင်းလမ်း၊ ၂ ဈေး၊ ကျောင်းကွေ့၊ ဘုန်းကြီးလမ်း မယ်လမု၊ ကျောက် ရေတွင်း၊ မြောက်ဥက္ကလာပအဝိုင်း၊ ဃဈေး၊ သန္တာ၊ ဝဇီယာ၊ သုနန္ဒာ၊ ဣန္ဒာ၊ ဥဇ္ဇနာ၊ ကန်သာယာ၊ ဧရာ၊ ၆ ကွေ့၊ ဓမ္မာရုံ၊ အောင်မင်္ဂလာ အဝေးပြေး၊ အမှတ်(၃)လမ်းဆုံ၊ အလယ်ပေါက်၊ တရားရုံး၊ အိုးအိမ်၊ ညောင်ပင်၊ သင်္ဃန်းကျွန်းကြီး၊ ၁၂ လမ်း၊ ပုလဲအိမ်ရာ၊ ၆ လမ်း၊ ရခိုင် ကျောင်း၊ တံတားဖြူ၊ သုံးသုံးလုံး၊ မှိုရုံ၊ ကျောင်းရှေ့၊ နီလာ၊ ဆိုင်းဘုတ်၊ ဂိတ်ဟောင်း (လန်ဒန်)၊ ရေစက် (ကုန်းတလပေါင်)၊ တပ်ရင်း ၉၊ ဆိုဒ်သစ်၊ ဓားဆိုင်၊ နွယ်ခွေ၊ ၄ ရပ်ကွက်၊ ၁ ရပ်ကွက်၊ ကျောင်းရှေ့၊ လမ်းသစ်၊ ပုပ္ပား၊ ထောက်ကြန့်လမ်းဆုံ၊ အောက်ဂိတ် (အမှတ်(၇)လမ်းမကြီး)၊ မြို့ရှောင်လမ်း (ဂိတ်ဖျား)ထိ ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)

No comments:

Post a Comment