
အင်ဂျင်နီယာ ဦးကျော်လင်း (ဆောက်လုပ်ရေး) ရေးသားထုတ်ဝေ သော ''သဘာဝဘေးဒဏ်ခံနိုင်ရည် ရှိသော အဆောက်အအုံများ'' စာအုပ် ထွက်ရှိလာသည်။
အဆိုပါ စာအုပ်တွင် ''မြို့ပြ အင်ဂျင်နီယာဆိုင်ရာ ဆောက်လုပ် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်မှ ထိရောက် စွာ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများ၊ သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသော အဆောက်အအုံ များ ဆောက်လုပ်ရေး နည်းလမ်း များအပြင် အဆောက်အအုံ၏အစိတ်အပိုင်းများတွင် ဖြစ်တတ် သော ချွတ်ယွင်းချက်၊ အားနည်းချက် များကို အားဖြည့်ပြုပြင်ပေးနိုင်သည့် နည်းလမ်းအချို့ကိုပါ ဆွေးနွေးတင်ပြ ထားသည်ကို တွေ့ရသည်။
ထိုသို့ တင်ပြရာတွင် အတွေ့ အကြုံကို အခြေခံ၍လည်းကောင်း၊ ပြည်တွင်း ပြည်ပမှ ရင်းမြစ်များကို မှီငြမ်းပြု၍လည်းကောင်း စီမံပြုစု ထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၌ မကြာခဏ တွေ့ကြုံနေရသော သဘာဝ ဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာများနှင့် တိုက်ရိုက် သက်ဆိုင်နေသဖြင့် စာဖတ်သူများ စိတ်ဝင်စားပြီး အကျိုးရှိစွာ အသုံးပြုနိုင်လိမ့်မည်ဟု ယူဆပါသည်''ဟု ပါမောက္ခ ဒေါက်တာ ဦးညီလှငယ်၏ အမှာစာ တွင် ဖော်ပြထားသည်။
ကြေးမုံ
No comments:
Post a Comment