Friday, June 22, 2018

ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

Image may contain: one or more people, crowd and indoor
တောင်ကြီး ဇွန် ၂၁
ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်း(Public Talk)ကို ဇွန် ၂၁ ရက်က တောင်ကြီးမြို့ မြို့တော် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က အဖွင့်အမှာစကား ပြောကြား သည်။
ဆက်လက်၍ တောင်ကြီးမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေး ဆရာ မောင်ခွန်နွယ်(အင်းလေး)က မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် အနာဂတ်လူငယ်များ၊ မူးယစ် တပ်ဖွဲ့စု ၂၅ တောင်ကြီးတပ်ဖွဲ့စုမှူး ရဲမှူးမြင့်ထူးက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး ဦးကိုကိုနိုင်က ယနေ့ပညာရေးနှင့် ကျောင်းသား လူငယ်၊ ဒုတိယခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နန်းဆိုင်ဇင်က အရွယ်သုံးပါးလုံးနှင့် ပတ်သက်သော ကျန်းမာရေး၊ ခရိုင် ဥပဒေအရာရှိ ဒေါ်နန်းသီရိနွယ်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေ များ၊ ခရိုင်တရားသူကြီး ဒေါ်ခင် စိမ်းဝင်းက တရားစီရင်ရေးတွင် ရင်ဆိုင်နေရသော အမှုအခင်း ဆိုင်ရာများ စသည့်ခေါင်းစဉ် အသီးသီးဖြင့် အကျယ်တဝင့် ဆွေးနွေး ကြသည်။
ထို့နောက် တက်ရောက်လာကြ သူများက သိရှိလိုသည့်အချက်များ နှင့် သဘောထားများကို မေးမြန်း ဆွေးနွေးကြပြီး မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူနှင့် ပါဝင် ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)

No comments:

Post a Comment