
ရန်ကုန် ဇွန် ၂၄
ရထားစီးခရီးသွားပြည်သူများ အဆင်ပြေ စေရန် မြန်မာ့မီးရထားမှ ဆောင်ရွက်လျက် ရှိရာ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာ အတွက် ဂျပန်နည်းပညာသုံး ထိန်းချုပ်ရေး ဗဟိုစင်တာကို ယခုအခါဖွင့်လှစ်လိုက်ပြီ ဖြစ်၍ ရထားလမ်းပိုင်းအချက်ပြစနစ်များ ကောင်းမွန်လာသောကြောင့် ရထားအဝင်၊ အထွက် အချိန်မှန်ကန်ပြီး အဆင်ပြေ လွယ်ကူလာကြောင်း မြန်မာ့မီးရထားမှ သိရ သည်။
ဂျပန်နည်းပညာသုံး Electronic Inter locking System အသစ် တပ်ဆင်လိုက် သည့်အတွက် ရန်ကုန်ဘူတာကြီး၌ ရုံပိုင် အပါအဝင် ဝန်ထမ်း ၂ဝ ကျော်နှင့် ပုဇွန်တောင်ဘူတာ၌ ရုံပိုင်အပါအဝင် ဝန်ထမ်း ရှစ်ဦးတို့က ရန်ကုန်ဘူတာကြီးမှ ပုဇွန်တောင် ဘူတာအထိ Point Mission ၈၁ ခုကို လှမ်း၍ ထိန်းချုပ်နိုင်ပြီဖြစ်သည်။ အချက်ပြ စနစ်
မှန်ကန်ကောင်းမွန်မှုကြောင့် ရန်ကုန်ဘူတာကြီးသို့ ဝင်ရောက်မည့် ဘုရားလမ်းဘူတာနှင့် ပုဇွန်တောင် ဘူတာမှ မောင်းနှင်လာမည့် ရထားတွဲဆိုင်းများမှာ ရန်ကုန်ဘူတာကြီးသို့ ဝင်ရောက်ရန်အတွက် အချိန် ကြာမြင့်စွာ မစောင့်ဆိုင်းရတော့ဘဲ အဆင်ပြေလွယ်ကူ ဝင်ရောက်နိုင်ကြပြီဖြစ်သည်။
မှန်ကန်ကောင်းမွန်မှုကြောင့် ရန်ကုန်ဘူတာကြီးသို့ ဝင်ရောက်မည့် ဘုရားလမ်းဘူတာနှင့် ပုဇွန်တောင် ဘူတာမှ မောင်းနှင်လာမည့် ရထားတွဲဆိုင်းများမှာ ရန်ကုန်ဘူတာကြီးသို့ ဝင်ရောက်ရန်အတွက် အချိန် ကြာမြင့်စွာ မစောင့်ဆိုင်းရတော့ဘဲ အဆင်ပြေလွယ်ကူ ဝင်ရောက်နိုင်ကြပြီဖြစ်သည်။
မြန်မာ့မီးရထား တိုင်း(၇) သွားလာပို့ဆောင်ရေး ဌာနမှ မန်နေဂျာ ဦးဇော်လွင်က ''အရင်တုန်းကတော့ နှစ်နေရာခွဲပြီး ထိန်းချုပ်ရပါတယ်၊ အခုကျတော့ ရန်ကုန်ဘူတာကြီးကနေ ပုဇွန်တောင်ဘူတာအထိရှိတဲ့ ပွိုင့်အားလုံးကိုလှမ်းပြီး ထိန်းချုပ်နိုင်ပါပြီ၊ ရထားအဝင် အထွက်အတွက် အချက်ပြစနစ် အချိန်မှန်ကန်လာ တာကြောင့် ရထားစီးခရီးသည်များအနေနဲ့လည်း အချိန်ကြာမြင့်စွာ မစောင့်ဆိုင်းရတော့ဘဲ လုပ်ငန်းခွင် ဝင်ရောက်ရာမှာ အချိန်မှန် ဝင်ရောက်နိုင်မှာဖြစ်လို့ အဆင်ပြေလွယ်ကူနေပါပြီ''ဟု ပြောသည်။
ရန်ကုန်ဘူတာကြီးသည် ၁၉၅၄ခုနှစ်မှစတင်ကာ အင်္ဂလန်နိုင်ငံ WIES TING HOUSE ကုမ္ပဏီထုတ် လမ်းလွှဲနှင့် အချက်ပြမောင်းတံများဆွဲ၍ လုပ်ရသော လျှပ်စစ်ချိတ်ဆက်ထိန်းချုပ်ခုံအား ဖွင့်လှစ်အသုံးပြု ခဲ့ရာ နှစ်ပေါင်း ၆၄ နှစ်ကြာမြင့်ခဲ့ပြီး အချက်ပြစနစ်များ မကြာခဏချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အချက်ပြ စနစ်များမမှန်ကန်တော့ဘဲ မီးနီမှုများဖြစ်ပေါ်သဖြင့် ရထားတွဲဆိုင်းများ ရပ်တန့်ရကြောင်း၊ ယခုအခါ ဂျပန်နိုင်ငံ၏ထောက်ပံ့မှုဖြင့် ဂျပန်နည်းပညာသုံး ထိန်းချုပ်ရေး ဗဟိုစင်တာကို ပြုလုပ်လိုက်သောကြောင့် တိုက်ရိုက်ထိန်းချုပ်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေး ရထား လမ်းမကြီးအား(Electronic Interlocking System) အသစ်ကို မကြာမီတပ်ဆင်အသုံးပြုသွားမည်ဖြစ်ပြီး ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကိုလည်း အဆင့် မြှင့်တင် ပြုပြင်ဆောင်ရွက်ပြီးစီးပါက အချက်ပြ စနစ်ဖြင့် တပ်ဆင်အသုံးပြုသွားမည်ဖြစ်သည်။ ထို့ပြင် ယခုအခါ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအနေဖြင့် မြို့ပတ်နှင့် ဆင်ခြေဖုံးရထားလမ်းပိုင်း၌ RBE ရထား တွဲဆိုင်း ၁၂ ဆိုင်း၊ ရထားတွဲဆိုင်းကြီး ၁၃ ဆိုင်းဖြင့် ရထားတွဲဆိုင်း စုစုပေါင်း ၂၅ ဆိုင်းကို ရထားပြေးဆွဲမှု အခေါက်ရေ ၂၂ဝ ဖြင့် ပြေးဆွဲပေးလျက်ရှိရာ နေ့စဉ် ရထားစီးခရီးသည်ဦးရေ ရှစ်သောင်းခန့်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထားမှ သိရသည်။
သတင်း - ပွင့်သစ္စာ
No comments:
Post a Comment