Tuesday, June 26, 2018

ကော့သောင်းမြို့တွင် သဘာဝဘေးအန္တရာယ် မြေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြလေ့ကျင့်

Image may contain: 1 person, outdoor
ကော့သောင်း ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဇွန် ၂၅ ရက် နံနက် ၈ နာရီက ကော့သောင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် သဘာဝဘေးအန္တရာယ် မြေပြင်ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
သရုပ်ပြလေ့ကျင့်ရာတွင် ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျန်းမာရေး ဌာန၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် လူနာတင် ယာဉ်များဖြင့် အမှတ် ၂ အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း သရုပ်ပြလေ့ကျင့်ခြင်းဖြစ်သည်။
သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်ဘေး၊ မုန်တိုင်းဘေးများဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များရယူပေးပို့ခြင်း၊ ပျက်စီးပြိုကျ နေသည့် အဆောက်အအုံအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အထပ်မြင့်အဆောက်အအုံ များပေါ်မှ အန္တရာယ်ကင်းရှင်းစွာ အရေးပေါ်ကယ်ဆယ် ခြင်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းခြင်း၊ သစ်ပင်ပိလူနာအား သစ်ပင်ကို လွှစက် ဖြင့်ဖြတ်၍ ကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ ဆေးရုံသို့ ပို့ဆောင်ခြင်းစသည့် မြေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ကော့သောင်းခရိုင်မီးသတ်ဦးစီးဌာန သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများဖြင့် မီးငြှိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ် ရေးယာဉ်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ လူနာတင် ယာဉ်တို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရ သည်။
ကျော်စိုး (ကော့သောင်း)

No comments:

Post a Comment