Friday, June 29, 2018

ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် တာချီလိတ်မြို့မ ရဲစခန်းအချုပ်ခန်းအား ကြည့်ရှုစစ်ဆေး

Image may contain: 1 person, standing
တာချီလိတ် ဇွန် ၂၈
ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် တာချီလိတ်ခရိုင်တရားသူကြီး ဦးဝင်းအောင်နှင့်အတူ ဇွန် ၂၆ ရက် နံနက်က
တာချီလိတ်မြို့မရဲစခန်းအချုပ်ခန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ စစ်ဆေးရာတွင် ရဲစခန်းရှိ အချုပ်သားများအား တွေ့ဆုံ၍ ဥပဒေပါ
အခွင့်အရေးများ ရရှိခြင်း ရှိ-မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ၊ မရှိ၊
ကျန်းမာရေး စောင့်ရှောက်မှုအခွင့်အလမ်းရရှိမှုနှင့် စားသောက်ရမှု အခြေအနေ
များကို မေးမြန်း ကြည့်ရှုစစ်ဆေးပြီး ကြန့်ကြာနေသော အမှုများတွင် သက်သေ
ဆင့်ခေါ်ပေးရန် မြို့မရဲစခန်းမှူးအား လမ်းညွှန်မှာကြားကာ ယင်းအမှုများ
အား အမြန်စစ်ဆေးကြရန် တရားသူကြီးများကိုမှာကြားသည်။
အလားတူ ပြည်နယ်တရားသူကြီးချုပ်သည် ဇွန် ၂၅ ရက်ကလည်း ကျိုင်းတုံ
အကျဉ်းထောင်နှင့် မိုင်းဖြတ်မြို့မရဲစခန်းအချုပ်ခန်းကိုလည်းကောင်း၊ ဇွန် ၂၆ ရက်တွင် တာချီလိတ်မြို့နယ် ဝမ်ပုံနယ်မြေ ရဲစခန်းအချုပ်ခန်းကိုလည်းကောင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment