Friday, June 29, 2018

မုံရွာမြို့ရှိ ဂျပန်စစ်သင်္ချိုင်းကို ခရီးသွားများလေ့လာသည့်နေရာဖြစ်စေရန် ဖန်တီးသင့်

Image may contain: plant, tree, grass, sky, outdoor and nature
မုံရွာ ဇွန် ၂၈
မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ ဂျပန်စစ်သင်္ချိုင်းကို
ခရီးသွားများ လာရောက်လေ့လာသည့် နေရာ
တစ်ခုဖြစ်လာစေရန် ဖန်တီးဆောင်ရွက်သင့်
ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီး
သွားလာရေး ညွှန်ကြားမှုဦးစီးမှူး ဦးအောင်သူဦးက ပြောကြားသည်။
''ဂျပန်ဘက်က ခရီးသွားတွေကိုလည်း မျှော်လင့်
တယ်။ ဂျပန်ခရီးသွားအများစုက ဘိုးဘွားစဉ်ဆက်
သမိုင်းကြောင်းကို စိတ်ဝင်စားတာများတယ်။ အဲဒါ
ကြောင့် ဂျပန်နဲ့ဆိုင်တဲ့အရာတွေ လုပ်ထားတာ သူတို့ ကျယ်ကျယ်ပြန့်ပြန့်သိသွားရင် သူတို့ဒီဘက်
ကို လာနိုင်တယ်လို့ ယူဆတယ်။ ဂျပန်
ခရီးသွားတွေ မုံရွာဘက်လာတာတွေရှိပါတယ်။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိသွားရင် အဆက်
အစပ်နဲ့လာကြမှာပါ။ ဒေါနခြံက ဂျပန်သင်္ချိုင်းကို သပ်သပ်ရပ်ရပ်နဲ့ မြက်ခင်းစိမ်းစိမ်းလန်းလန်းနဲ့
လုပ်လိုက်ရင် ဂျပန်တွေအပြင် ပြည်ပခရီးသွားတွေ
လာရောက်လေ့လာကြမှာသေချာပါတယ်'' ဟု
တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားဦးစီးမှူး ဦးအောင်သူဦးက ရှင်းပြသည်။
လက်ရှိတွင် ချုံနွယ်ပိတ်ပေါင်းများနှင့်အတူ
များပြားလှသော အမှိုက်များရှိနေသောကြောင့် လာရောက်လေ့လာလိုသူများ သွားလာရန်အဆင်
မပြေသည့်အခြေအနေတွင်ရှိနေသည်ကို တွေ့ရသည်။
''ဂျပန်သင်္ချိုင်းကို ဂျပန်လူမျိုးတွေ အုပ်စုလိုက်
လာတာရှိသလို တစ်ဦး၊ နှစ်ဦး လာတာတွေရှိပါ တယ်။ အင်ဖာစစ်လမ်းကြောင်းတစ်လျှောက်
ကျဆုံးတဲ့ ဂျပန်စစ်သည်တွေရဲ့စာရင်းကို ပြုစုပြီး အုတ်မှတ်တိုင်ခြေရင်းမှာထည့်ကာ နှစ်စဉ်လာ
ရောက်ပြီး စားဖွယ်သောက်ဖွယ်တွေနဲ့ပူဇော်ပသ ကြတာတွေ လုပ်ခဲ့တယ်'' ဟု မုံရွာမြို့သစ်ရပ်ကွက်
နေ ဂျပန်ဘာသာပြန်ဆောင်ရွက်နေသာ ဆရာ ဦးခင်မောင်ဆန်းက ပြောသည်။
ဂျပန်စစ်သင်္ချိုင်းတွင်ရှိသည့် သူရဲကောင်းများ
ကျောက်တိုင်အောက်ခြေတွင် မုံရွာနှင့် အင်ဖာ
စစ်လမ်းကြောင်းတစ်လျှောက် သေဆုံးခဲ့သည့် ဂျပန်
စစ်သည်များ၏ အမည်နှင့် ရာထူးများ မှတ်တမ်း တင်ထားသည့် ထင်းရှူးပြား ၉ဝ ကျော် ၁ဝဝ
နီးပါးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်သင်္ချိုင်းတည်
စဉ်က မိဘများနှင့်ဆောင်ရွက်ခဲ့သူ မုံရွာမြို့
ဘုရားကြီးရပ်နေ ဦးနေဝင်းထံမှ သိရသည်။
''စစ်အတွင်းက ကျဆုံးသွားတဲ့ ဂျပန်စစ်သည်
တွေရဲ့နာမည်တွေကို ထင်းရှူးသားနဲ့ မှတ်တမ်း
တင်ပြီး အလယ်ကျောက်တိုင်ခြေရင်းမှာ ထည့်
ပိတ်ထားတာပါ။ ဒီထဲမှာထည့်ထားတာ ဦးရေ
အတော်များတယ်။ ကျောက်တိုင်က လေးခုရှိ တယ်။ အလယ်က ကျောက်တိုင်အရှည်ပါ။ ကျဆုံး
သွားတဲ့ ရဲဘော်တွေစာရင်းကို အလယ်တိုင်မှာ ထည့်
ထားတာပါ။ ဟိုတုန်းက ဒီဇင်ဘာလရောက်ရင်
နှစ်တိုင်း ဂျပန်ကအမျိုးတွေလာကြတယ်။ လက်ရှိ
ဂျပန်သင်္ချိုင်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
လုပ်ချင်ပါတယ်''ဟု ဦးနေဝင်းက ရှင်းပြသည်။
မျိုးဝင်းထွန်း (မုံရွာ)

No comments:

Post a Comment