Friday, June 22, 2018

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အထွေထွေစီးပွားရေးသမဝါယမအသင်း၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

Image may contain: one or more people, people sitting and indoor
နေပြည်တော် ဇွန် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ အထွေထွေ စီးပွားရေးသမဝါယမအသင်း ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အထွေထွေစီးပွားရေး သမဝါယမအသင်း အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးမြင့်ဝေက အသင်း၏နှစ်ပတ်လည်အစီရင်ခံစာ၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေး ရှင်းတမ်း နှင့် အသားတင်အကျိုးအမြတ်ခွဲဝေမှု အခြေအနေများကို ဖတ်ကြားရှင်းလင်း သည်။
ယင်းနောက် သတင်းနှင့်စာနယ် ဇင်းလုပ်ငန်း အထွေထွေစီးပွားရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးရဲနိုင်က အသင်းဝင်များကိုယ်စား မန်နေဂျာ ဦးထွန်းဦးအား အမှတ်တရလက် ဆောင် ပစ္စည်းပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြ သည့် အသင်းသားအသင်းသူများက အထွေထွေ ဆွေးနွေးကြပြီး သဘာ ပတိက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်

No comments:

Post a Comment