Thursday, June 28, 2018

စစ်တွေမြို့၌ ရွှံ့ကဏန်းလွှတ်ပွဲ ကျင်းပ


Image may contain: 1 person, sky, outdoor, water and nature
စစ်တွေ ဇွန် ၂၇
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ကျင်းပသည့် ရွှံ့ကဏန်းလွှတ်ပွဲကို ယနေ့နံနက် ၉ နာရီက စစ်တွေမြို့နယ် ခတင်ပိုက် ကျေးရွာအုပ်စု ရေချမ်းပြင်ကျေးရွာ ရေချမ်းပြင်ချောင်းနှင့် ကြွီတဲမြစ်အတွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့်သစ်တောဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရေချမ်းပြင် အလယ်တန်း ကြိုကျောင်းမှ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ၊ ငါးလုပ်ငန်းဦးစီး ဌာနမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးဝန်ထမ်းများ စုစုပေါင်း ၁၁ဝ တက်ရောက်ခဲ့ ကြသည်။
အခမ်းအနားတွင် တက်ရောက်လာသူများသို့ ရွှံ့ကဏန်းအကြောင်း သိကောင်းစရာနှင့် ရွှံ့ကဏန်းသယံဇာတထိန်းသိမ်းရေးပိုစတာဖြင့် ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နံနက် ၉ နာရီတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးတို့ ဦးဆောင်၍ ရေချမ်းပြင် ချောင်းနှင့် ကြွီတဲမြစ်အတွင်းသို့ ရွှံ့ကဏန်းကောင်ရေ ၁ဝဝဝဝ ကို မျိုးစိုက်ထည့် ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ငါးဦးစီး

No comments:

Post a Comment