Friday, June 29, 2018

အသက် နှစ်နှစ်ဆယ်ခန့်ငယ်တဲ့မင်းသမီးနဲ့ အချစ်ဇာတ်လမ်း တွဲဖက်ရိုက်ကူးသွားမယ့် လီဗြောင်ဟွန်း

Image may contain: 2 people, people standing
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသား တစ်ဦးဖြစ်တဲ့ လီဗြောင်ဟွန်းဟာ သူ့ရဲ့ ဇာတ်လမ်းတွဲသစ်မှာတော့ အသက် နှစ် နှစ်ဆယ်ခန့်ငယ်တဲ့ ဂျူနီယာနဲ့ တွဲဖက် ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီလို အသက် အရွယ်အားဖြင့် အလွန်ကိုကွာခြားတဲ့ မင်းသမီးနဲ့ အချစ်ဇာတ်လမ်း တွဲဖက်ရိုက်ကူး သွားရမယ့် သူ့ရဲ့ခံစားချက်တွေကို လီဗြောင်ဟွန်းက လတ်တလောမှာ ထုတ်ဖော် ပြောကြားလာခဲ့ကြောင်း အောကေပေါ့ပ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
လီဗြောင်ဟွန်းဟာtvNရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်သွားမယ့် ဇာတ်လမ်းတွဲ ''Mr. Sunshine''မှာ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ လီဗြောင်ဟွန်းနဲ့ တွဲဖက် သရုပ်ဆောင်မယ့် ခေါင်းဆောင်မင်းသမီး ကတော့ ကမ်တေးရီဖြစ်ပြီး သူဟာ လီဗြောင်ဟွန်းထက် အသက်နှစ်နှစ်ဆယ် လောက်ငယ်သူဖြစ်ပါတယ်။ လီဗြောင်ဟွန်း ဟာ မကြာမီ အသက် (၄၈) နှစ်ပြည့်တော့မှာ ဖြစ်ပြီး ကမ်တေးရီကတော့ (၂၈) နှစ်အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။ ဒီလိုအသက်အရွယ် ကွာခြားလွန်းသူနှစ်ဦးအကြားက အချစ် ဇာတ်လမ်းကို ပုံဖော်သွားရမယ့် ဒီရုပ်ရှင်မှာ ပါဝင်ရတဲ့ သူ့ရဲ့ခံစားချက်တွေကို လီဗြောင် ဟွန်းက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ ''Mr. Sunshine''ဇာတ်လမ်းတွဲအတွက် သတင်းစာ ရှင်းလင်းပွဲမှာတော့ လီဗြောင်ဟွန်းက ''ဇီဝဗေဒအရ ကျွန်တော်တို့နှစ်ဦး အသက် အရွယ် အလွန်ကွာခြားတာမှန်ပေမယ့် သရုပ်ဆောင်နေတဲ့အချိန်မှာ ကျွန်တော် ဒါကို ခံစားမိမှာ မဟုတ်ပါဘူး''လို့ ဆိုခဲ့ပါတယ်။ မင်းသမီး ကမ်တေးရီကလည်း သူ့ရဲ့ အနုပညာ သက်တမ်းတစ်လျှောက် စီနီယာမင်းသား များစွာနဲ့ တွဲဖက်ရိုက်ကူးခဲ့ရကြောင်း၊ ဒီရုပ်ရှင် မှာတော့ လီဗြောင်ဟွန်းနဲ့ တွဲဖက်သရုပ်ဆောင် ရာမှာ မင်းသားကို လိုက်မမီမှာ စိုးရိမ်မိ ကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းတွဲကို အလွန်အောင်မြင် ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ ''Descendants of the Sun(DOTS)'' နဲ့ ''Goblin''တို့ အတွက် ဇာတ်ညွှန်းရေးသားခဲ့သူ ကမ်အွန် ဆွတ်ကပင် ဇာတ်ညွှန်းရေးပေးမှာဖြစ်ပါတယ်။ ဒီလိုအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာက ရေးသားပေးမယ့် ဇာတ်လမ်းဖြစ်တဲ့အပြင် အဓိကဇာတ်ဆောင်နှစ်ဦးအကြား အလွန်ကို ကွာခြားလွန်းတဲ့ အသက်အရွယ်ကြောင့် ပရိသတ်တွေကို အထူးဆွဲဆောင်ထားနိုင်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။
''Mr. Sunshine'' ကိုတော့ လာမယ့် ဇူလိုင် ၇ ရက်မှာ စတင်ထုတ်လွှင့်သွားဖို့ရာ ရည်ရွယ်ထားကြောင်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment