Friday, June 29, 2018

ကျောင်းမုန့်ဈေးတန်းနှင့် ဆေးဆိုင်များစစ်ဆေး

Image may contain: 2 people, people sitting and outdoor
အုတ်ဖို ဇွန် ၂၈
ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးနှင့်
ညီညွတ်သည့် အစားအစာများသာ ရောင်းချ
နိုင်စေရန် ရည်ရွယ်၍ အုတ်ဖိုမြို့နယ် အခြေခံ
ပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ မုန့်
ဈေးတန်းအား ဇွန် ၂၇ ရက် နံနက်ပိုင်းက မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်းနှင့်
အဖွဲ့ သွားရောက်စစ်ဆေးခဲ့ပြီး အလားတူ မြို့မ
၃ လမ်းရှိ မူလွန်ကျောင်း၌ ရောင်းချလျက်ရှိသော ကျောင်းမုန့်ဈေးဆိုင်များအား စစ်ဆေးခဲ့ရာ ယင်
နားမှုမရှိစေရန် ဖုံးအုပ်ရောင်းချရန်နှင့် အမှိုက်ပုံး များထားရှိရန် အသိပညာပေးခဲ့သည်။
အဆိုပါအဖွဲ့သည် နေ့လယ်ပိုင်းတွင် အုတ်ဖိုမြို့
အတွင်းရှိ ဆေးဆိုင်များအား စစ်ဆေးခဲ့ပြီး စပ်ဆေး
များရောင်းချခြင်းမပြုရန်၊ ဆေးရောင်းချသူများက
ဆေးကိုင်တွယ်ရာ၌ လက်အိတ်ဖြင့် ကိုင်တွယ်ရန်
လိုကြောင်း၊ ဆေးဆိုင်သန့်ရှင်းမှုရှိရန်နှင့် ဆေးများ
အား ကြမ်းပြင်ပေါ်၌ချထား ရောင်းချခြင်းမပြုရန်
အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူဆွေ (ပြန်/ဆက်)

No comments:

Post a Comment