Thursday, June 21, 2018

ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်း ယာဉ်အသွားအလာမပြတ်တောက်ရေး ပြင်ဆင်ဆောင်ရွက်

Image may contain: 1 person, outdoor
ကော့သောင်း ဇွန် ၂ဝ
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကော့သောင်း-
ဘုတ်ပြင်းကားလမ်း ကီလိုမီတာ ၃၁၇ နှင့် ၃၁၇ ဒသမ ၅ အကြားရှိ အောင်ဇင်မာဆီအုန်း
စိုက်ပျိုးရေးကုမ္ပဏီအနီးရှိ သီတာရေစင်
တံတားအား တောင်ကျရေများ တိုက်စားမှု ကြောင့် တံတားချဉ်းကပ်လမ်း ပျက်စီးကာ ယာဉ်
အသွားအလာ ခေတ္တပြတ်တောက်ခဲ့မှုကို
နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ နှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်း
အထူးအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မဖြစ်
ပေါ်ရေး ဇွန် ၁၉ ရက်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ လမ်းပန်းဆက်သွယ်မှု
မပြတ်တောက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်
ရွက်ခဲ့၍ ဇွန် ၂ဝ ရက် ညပိုင်းခန့်တွင် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် ငယ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်
ကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်နေကြသည့် တပ်
မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်
များနှင့် ဆောက်လုပ်ရေးဌာနမှ လုပ်သားကြီး
များအား ကော့သောင်းမြို့ ကမ်းနီးအဖြူရောင်
ပရဟိတအဖွဲ့မှ သောက်ရေသန့်များ၊ အချိုရည်
များနှင့် စားစရာမျိုးစုံကို ဇွန် ၁၉ ရက်
မွန်းလွဲပိုင်းက သွားရောက်လှူဒါန်းခဲ့ကြ
ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)

No comments:

Post a Comment