Sunday, June 3, 2018

အာဖဂန်နစ္စတန်တွင် မေလအတွင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ရ

Image may contain: one or more people and people standing

ကဘူး ဇွန် ၂

အာဖဂန်နစ္စတန်နိုင်ငံတွင် မေလအတွင်းက ဖြစ်ပွားသော လက်နက်ကိုင်တိုက်ခိုက်မှုများနှင့် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၈၃ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း အာဖဂန်အရေးစောင့်ကြည့်လေ့လာ သည့် အဖွဲ့တစ်ဖွဲ့က ဇွန် ၂ ရက်တွင် သတင်းထုတ်ပြန် သည်။

ယခုနှစ်မေလအတွင်း၌ အာဖဂန်နစ္စတန်နိုင်ငံတွင်းရှိ ပြည်နယ် ၃၄ ခုအနက် ၂၃ ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် အရပ်သား ဦးရေ ၅ဝဝ ကျော်ခန့်မှာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကိန်းဂဏန်း အရေအတွက်မှာ အရပ်သားများထိခိုက်သေဆုံးမှု ထိန်းချုပ်ရန်အတွက် သတိမမူကြခြင်းများကို ပြသနေကြောင်း လွတ်လပ်သော အရပ်သားကာကွယ်စောင့်ရှောက်မှု ထောက်ခံအားပေးရေး အဖွဲ့(စီပီအေဂျီ)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

လက်နက်ကိုင်အုပ်စုများ၏ အသေခံဗုံးခွဲတိုက်ခိုက် ခြင်း၊ လမ်းဘေးဗုံးထောင်ဖောက်ခွဲခြင်း၊ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စိန်ပြောင်းကျည်များကျရောက် ပေါက်ကွဲခြင်းနှင့် အာဖဂန်အစိုးရလုံခြုံရေးတပ်ဖွဲ့များက ညပိုင်းအချိန်များတွင် ပြုလုပ်သည့်စီးနင်းတိုက်ခိုက် သည့် စစ်ဆင်ရေးများကြောင့် မေလအတွင်း၌ အာဖဂန် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ် ခဲ့ရသည်ဟု အဆိုပါအဖွဲ့က ပြောကြားသည်။

မေလအတွင်း၌ အရပ်သားများ သေဆုံးခဲ့သည့် မှတ်တမ်း၌ နိုင်ငံအရှေ့ပိုင်းရှိ နန်ဂါယာပြည်နယ်သည် အမြင့်ဆုံးမှတ်တမ်းဝင်ခဲ့ပြီး အရပ်သား ၂၆ ဦးသေဆုံးကာ ၁၃၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းရှိ နန်ဂါယာ ပြည်နယ်နှင့် အရှေ့ပိုင်းရှိ ခို့စ်ပြည်နယ်တို့သည်လည်း ထိခိုက်သေဆုံးသူ အရေအတွက် မြင့်မားသည့်ပြည်နယ် များဖြစ်သည်။

တာလီဘန်အကြမ်းဖက်များနှင့် အာဖဂန်နစ္စတန် အစိုးရတို့အနေဖြင့် အရပ်သားများ ဘေးကင်းလုံခြုံရေးကို အလေးပေးကြရန် အဆိုပါအဖွဲ့ကတောင်းဆိုခဲ့ပြီး စစ်သွေြး<ွကအဖွဲ့များအနေဖြင့် ၄င်းတို့၏တိုက်ခိုက်ရေး သမားများအား အရပ်သားများနေထိုင်ရာ ဒေသများ၌ တိုက်ခိုက်မှုများနှင့် စစ်ဆင်ရေးလုပ်ငန်းများ ရပ်ဆိုင်းပေး ရန် အဆိုပါအဖွဲ့က တိုက်တွန်းခဲ့သည်။

ယခုနှစ် ဧပြီလအတွင်းက အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝန်းတွင် အကြမ်းဖက်စစ်သွေးကြွများ၏ တိုက်ခိုက် မှုနှင့် အခြားလက်နက်ကိုင်တိုက်ပွဲများကြောင့် အရပ်သား ၁၈၈ ဦးသေဆုံးကာ ၃ဝဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စီပီအေဂျီအဖွဲ့က ပြောကြားသည်။

ဆင်ဟွာ

No comments:

Post a Comment