Friday, June 29, 2018

မုန်းချောင်းကို လှေဖြင့် ကူး၍ စာသင်သွားကြသည့် ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းစေရန် အသက်ကယ်အင်္ကျီများ လှူဒါန်း

Image may contain: 1 person, sky, outdoor, water and nature
ပွင့်ဖြူ ဇွန် ၂၈
မုန်းချောင်းကို လှေဖြင့် ဖြတ်ကူး၍ ပွင့်ဖြူ မြို့အခြေခံပညာအထက်တန်းကျောင်းသို့ စာသင်သွားကြသည့် ကျေးရွာများမှ ကျောင်းသား ကျောင်းသူများ အန္တရာယ် ကင်းဝေးစေရေးအတွက် ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေးကွန်ရက်မှ အသက်ကယ်အင်္ကျီ လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိသည်။
''မနေ့က အသက်ကယ်အင်္ကျီ ၁၄ ထည် လှူပြီးပြီ။ နောက်ထပ် ခြောက်ထည်နဲ့အားလုံး
ပေါင်း အထည် ၂ဝ လှူဖို့ရှိ ပါတယ်။ ပွင့်ဖြူ
မြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်မင်းနိုင်ဆီကို ကလေးတွေ သွားလာရေးခက်ခဲတဲ့အကြောင်း ဒေသခံတွေက သွားပြောကြတယ်။ သူက တစ်ဆင့် အကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့ တာကြောင့် ကွန်ရက်အစီအစဉ်နဲ့ လှူဒါန်း ဖြစ်တာပါ''ဟု ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေး ကွန်ရက်အတွင်းရေးမှူး ဦးဘုန်းမြင့်က ပြော သည်။
မုန်းချောင်းအနောက်ဘက်ကမ်းရှိ သမန်း ရင်း၊ သရက်ကုန်း၊ သမုန်းကုန်း ကျေးရွာများမှ ကျောင်းသား ကျောင်းသူ ၆ဝ ကျော်မှာ မုန်းချောင်းကိုဖြတ်၍ ပညာသင်ကြားမှုများ ရှိခဲ့ကြောင်း၊ မိဘများက မုန်းချောင်းကို ဖြတ်ကူးကာ ပွင့်ဖြူမြို့နယ်ဘက်သို့ ဈေး ရောင်းချ အသက်မွေးမှုများရှိနေသည့်အပြင် ချောင်းကိုကူး၍ ကျောင်းသွားတက်လျှင် နေထိုင်ရာကျေးရွာများနှင့် ခရီးလမ်း ဆက်သွယ်ရေး ပိုနီးသွားကြောင်း ဒေသခံ အချို့ထံမှ သိရသည်။
''ရှောက်တောရွာကို ကျောင်းသွားတက် ရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် မိသားစုအခြေအနေတွေအရ မုန်းချောင်း ဖြတ်ပြီး စီးပွားရှာတာ၊ ပညာသင်တာတွေ လုပ်ရပါတယ်။ ဒါ့အပြင် ရေကြီးတဲ့အခါ ပွင့်ဖြူမြို့ကို ရှောက်တောကျေးရွာ ဘက်က ပတ်သွားတော့ အသွားအပြန် သုံးဘီးခ ငါးရာကုန်ပါတယ်။ လှေစီးချောင်းဖြတ်ပြီး ကျောင်းသွားတက်တဲ့ ကလေးတွေနဲ့ ပြည်သူ တွေ အဆင်ပြေဖို့အတွက် အသက်ကယ်အင်္ကျီ လှူပေးတာပါ''ဟု ဦးဘုန်းမြင့်က ဆိုသည်။
အသက်ကယ်အင်္ကျီများကို စက်လှေပိုင်ရှင်
က ထိန်းသိမ်းပေးပြီး ကျောင်းသားများနှင့် ပြည်သူများ အလှည့်ကျဖြတ်ကူးစဉ် ဝတ် ဆင်ကြကြောင်း၊ အစစအရာရာ အဆင်ပြေ ချောမွေ့စေရန် သမ္မာဆန္ဒအသင်းမှလည်း အကူအညီပေးခဲ့ကြောင်း၊ ကျေးလက်
ဒေသနေပြည်သူများ၏ ချောင်းကူး ခရီးစဉ်များ အန္တရာယ်ကင်းစေရေးအတွက် လူမှုကွန်ရက်များမှတစ်ဆင့် အသက်ကယ်
အင်္ကျီ အကူအညီတောင်းခံမှုများ ရှိနေ
ကြောင်း ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေးကွန်ရက်မှ သိရသည်။
ဇေယျတု(မကွေး)

No comments:

Post a Comment