Friday, June 29, 2018

ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့ မောင်တောဒေသ၌ ကွင်းဆင်းသတင်းရယူ

Image may contain: 6 people, people standing, outdoor and nature
စစ်တွေ ဇွန် ၂၈
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းသတင်းရယူရန် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ ရောက်ရှိကြသည်။
ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာအဖွဲ့သည် အင်းဒင် ကျေးရွာတွင် အကြမ်းဖက်ဖြစ်စဉ်ကြုံတွေ့ခဲ့ရမှုနှင့် ကျေးရွာ၏ ပကတိအခြေအနေမှန်များကို ကျေးရွာသားများ နှင့်တွေ့ဆုံ၍ သတင်းရယူကြသည်။
သတင်းရယူ
ထို့နောက် မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့်အဖွဲ့အား တွေ့ဆုံ၍ ဒေသအတွင်း ပြန်လည် ဝင်ရောက်လာမည့်သူများအား စိစစ်လက်ခံရေး၊ နေရာ ချထားရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်း သတင်းရယူကြသည်။
မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် ပြန်လည် ဝင်ရောက်လာသူများအား ယာယီလက်ခံမည့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များနှင့် စခန်းတည်ဆောက်ပြီးစီးမှု အခြေအနေများကို သတင်းရယူကြသည်။
ဆက်လက်၍ စခန်းအတွင်းရှိ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် အစ္စလာမ်ဘာသာဝင်များ အား တွေ့ဆုံ၍ သတင်းရယူကြသည်။
သူရဇော်

No comments:

Post a Comment