Tuesday, May 29, 2018

မြဝတီမြို့နယ် ကုန်းဆင်းကွေ့တွင် မှန်လုံယာဉ်တစ်စီး လမ်းချော်၍ ခရီးသည်အချို့ ဒဏ်ရာရ

Image may contain: car, plant, outdoor and nature
မြဝတီ မေ ၂၈
ကရင်ပြည်နယ် မြဝတီမြို့နယ် အာရှလမ်း ကွမ်းခြံကုန်းဆင်းကွေ့တွင် မေ ၂၈ ရက် နံနက်ပိုင်းက မှန်လုံယာဉ်တစ်စီး လမ်းချော်ပြီး လမ်းဘေးကမ်းပါးယံ သို့ ဝင်တိုက်မိမှုဖြစ်ပွားရာ ခရီးသည်အချို့ ဒဏ်ရာရခဲ့သည်။
ဖြစ်စဉ်မှာ မေ ၂၈ ရက် နံနက်ပိုင်းတွင် ဟန်သူအောင်(၃၄)နှစ် မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ခရီးသည် ၁၇ ဦးလိုက်ပါလာသည့် မန္တလာမင်းမှန်လုံယာဉ်သည် ရန်ကုန်မှ မြဝတီသို့ မောင်းနှင်လာစဉ် အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့ ကုန်းဆင်းအရောက် ဘရိတ်အုပ်စဉ် မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ လမ်း၏ယာဘက်ခြမ်းရှိ တောင်ကမ်းပါးယံကို ဝင်ရောက်တိုက်မိ ရပ်တန့်သွားခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၁၇ ဦး အနက် ခရီးသည်ခြောက်ဦး(မစိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့သည်။
ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသားလေးဦး၊ အမျိုးသမီး နှစ်ဦးတို့ကို မြဝတီဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုပေးခဲ့ရာ မင်းမင်းစိုးတစ်ဦးသာ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသလျက်ရှိပြီး ကျန်လူများမှာ သာမန်ဒဏ်ရာသာရရှိခဲ့သည်။ ယာဉ်မောင်း ဟန်သူအောင်ကို အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
သိန်းသန်း(ပြန်/ဆက်)

No comments:

Post a Comment