Tuesday, May 29, 2018

စမ်းချောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်ကြီးလဲကျ

Image may contain: one or more people, tree, outdoor and nature
ရန်ကုန် မေ ၂၈
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်းကုန်း (တောင်) ရပ်ကွက် ရတနာသင်္ခလမ်းနှင့် ကျွန်းတောလမ်းထောင့်၌ ယနေ့ မွန်းလွဲ ၁ နာရီက သစ်ပင်ကြီးတစ်ပင် လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ သည်။ သတင်းအရ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်တစ်စီး၊ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ အရေးပေါ် လူနာတင်ယာဉ် တစ်စီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်တွင် ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း သိရသည်။
ပွင့်သစ္စာ

No comments:

Post a Comment