Tuesday, May 1, 2018

ကယားပြည်နယ်အတွင်းရှိ အစွန်အဖျား ကျေးရွာများသို့ ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေး

Image may contain: 1 person, standing and outdoor
လွိုင်ကော် ဧပြီ ၃ဝ
ပြည်သူများလိုအပ်ချက် ဖော်ဆောင်နိုင် ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးနိုင်ရေးအတွက် ကယား
ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊
လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်
အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ ခရိုင်
အုပ်ချုပ် ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊
ဌာနဆိုင်ရာတာဝန်ရှိသူများက ဧပြီ ၂၉
ရက် နံနက် ၈ နာရီက ဖရူဆိုမြို့နယ်သို့
ကွင်းဆင်းစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်
ဟိုယာဒေသ မော်သီဒို ကျေးရွာရှိ ကယား
ပြည်နယ်၏ အထင်ကရ ခရီးသွား လုပ်ငန်းတစ်ခုဖြစ်လာမည့် ထီးပရူနူ ဂူသွားလမ်းအား ကျောက်ချောလမ်း
ပေ ၁၈ဝဝ ခင်းခြင်းနှင့် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ရေလွှဲမြောင်းများ ထည့်
သွင်းဆောင်ရွက်နိုင်ရေး လျာထား
ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ သည်။ ခေါဘာကျေးရွာသွား မြေသား
လမ်း သုံးမိုင် ငါးဖာလုံ ဖောက်လုပ်ပြီးစီးမှု အခြေအနေအား လည်းကောင်း၊ ရာဧ
ပရားကျေးရွာတွင် (၂၅ x ၁၄) ပေရှိ ကွန်ကရစ်တံတား ဆောင်ရွက်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း နှင့် ရာဧပရား ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် လိုအပ်သည့် မီတာ တပ်ဆင်
နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ပြီး ရာဧပရား ကျေးရွာတွင် ယာယီဆောင်ရွက်ထားသည့် သစ်သား
တံတားနေရာတွင် Box Culvert ဆောင်
ရွက်နိုင်ရေးအတွက် ငွေကျပ် ၃၅ သိန်း
ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်
နှင့်အဖွဲ့သည် ယူစွတ်ပရားကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ရာ ဒေသခံပြည်သူ
များနှင့် တွေ့ဆုံခဲ့ပြီး ကျေးရွာအတွက်
မိုးရာသီကာလတွင် လမ်းပန်းဆက်သွယ် ရေး အခက်အခဲကြောင့် ပညာရေး၊ ကျန်း
မာရေး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
အဖွဲ့သည် ခရိုးခူကျေးရွာသို့ သွားရောက် ပြီး ကျေးရွာဘုရားရှိခိုးကျောင်းတွင် ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ရာ ဝန်ကြီး
ချုပ် ဦးအယ်လ်ဖောင်းရှိုက မိမိအနေဖြင့်
အစိုးရသက်တမ်း နှစ်နှစ်ကျော်ကာလ
တွင် ပြည်နယ်အစွန်အဖျား ကျေးရွာများ
တွင် လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး၊
ပညာ၊ ကျန်းမာရေးကိစ္စများ လစ်ဟာမှုမရှိ
စေရေးအတွက် အရောက်သွားပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေး
သွားမည်ဖြစ်ကြောင်း၊ ပြည်သူများက လည်း လိုလားချက်၊ လိုအင်ဆန္ဒ တင်ပြ ရန်ရှိသည်များကို တင်ပြပေးသွားရန်၊ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင် ရန်ရည်မှန်း ဖော်ဆောင်လျက်ရှိကြောင်း၊ တင်ပြရန်ရှိသည်များကို ပွင့်ပွင့်လင်းလင်း
တင်ပြသွားရန် ပြောကြားခဲ့သည်။
ထို့နောက် ရာဧပရား ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာနေပြည်သူများက ပညာရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊
လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်း
ဆက် လမ်းများကောင်းမွန်ရေးများကို တင်ပြကြရာ တင်ပြချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်မည့်အခြေအနေများအား ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ခရိုးခူကျေးရွာခန်းမဆောင် ဆောက်လုပ်
နိုင်ရန် ငွေကျပ် သိန်း ၁၅ဝ၊ ခရိုးခူကျေးရွာ
မူကြို ကျောင်းတံခါးနှင့် ဘိလပ်မြေ ဝယ်
ယူရန် ငွေကျပ် သုံးသိန်း၊ ဇေဇာကျေးရွာ လမ်းမီးဆောင်ရွက်နိုင်အတွက် ထောက်
ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment