Tuesday, May 1, 2018

ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး၊ ဆုံးဖြတ်ချက်(၅)ချက်ချမှတ်

Image may contain: 5 people, text and food
ဘားအံ ဧပြီ ၃ဝ
ကရင်ပြည်နယ် ဘားအံမြို့တွင် တိုင်းရင်းမီဒီယာ ရေရှည်တည်တံ့ရေး မီဒီယာဆိုင်ရာအသိမြှင့်တင် ပေး ခေါင်းစဉ်ဖြင့် ဆဋ္ဌမအကြိမ်မြောက်တိုင်းရင်း မီဒီယာညီလာခံကို ဇွဲကပင်ခန်းမ၌ သုံးရက်တာ ကျင်းပခဲ့ရာ ဧပြီ ၂၉ ရက် ညနေပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး အဆိုပါညီလာခံမှ ဆုံးဖြတ်ချက်(၅)ချက် ချမှတ်ခဲ့ကြောင်း သိရ
သည်။
တိုင်းရင်းမီဒီယာကျင်းပသည့် တတိမြောက်နေ့
တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဒေါက်တာ
မျိုးသန့်တင်၊ ဒေါ်သင်းသင်းသာ၊ ဦးဇေယျနှင့်
နိုင်ကိုကိုဇော်တို့က တိုင်းရင်းမီဒီယာမူဝါဒကို အကြံပြု
ဆွေးနွေးခဲ့ကြပြီး ပြည်ပမီဒီယာကျွမ်းကျင်သူများ
နှင့် တိုင်းရင်းမီဒီယာများမှ တာဝန်ရှိသူများက
တိုင်းရင်းမီဒီယာများ၌ အမျိုးသမီးသတင်းထောက်
များ၏ အခန်းကဏ္ဍကိုတိုးမြှင့်ခြင်း၊ တိုင်းရင်းမီဒီယာ
ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်ရပ်တည်နိုင်ရေးအပေါ်
နိုင်ငံတကာ၏အမြင်များကို ဦးဆောင်ဆွေးနွေးခဲ့
ကြကာ တက်ရောက်လာသော သတင်းမီဒီယာများ
က အစုအဖွဲ့အလိုက် စားပွဲဝိုင်းဆွေးနွေးအကြံပြုခဲ့ကြကာ ကြေညာချက်များထုတ်ပြန်၍ ညီလာခံ
ကျင်းပရေးကော်မတီဥက္က နန်းဖော့ဂေက ကျေးဇူးတင်
စကား ပြောကြားသည်။
တိုင်းရင်းမီဒီယာညီလာခံကို Burma News
International (BNI)နှင့် ကရင်သတင်းစဉ်(KIC)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြည်နယ်အသီးသီးမှ တိုင်းရင်းသားမီဒီယာ သတင်းသမားများ၊ ရန်ကုန်
အခြေစိုက်မီဒီယာများ၊ တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုကော်မတီများ၊ ပြည်နယ်ကိုယ်စားပြု
အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူ
များ စုစုပေါင်း ၂ဝဝ ခန့် တက်ရောက်ခဲ့ကြကာ သုံးရက်တာကာလအတွင်း တိုင်းရင်းမီဒီယာများ
ရေရှည်ရပ်တည်ရှင်သန်နိုင်ရေး၊ တိုင်းရင်းမီဒီယာ
တွင် အရည်အသွေးပြည့် အမျိုးသမီးသတင်းထောက်
အရေအတွက် တိုးပွားလာရေး၊ တိုင်းရင်းသားစာပေ
သင်ကြားခွင့် တိုးတက်လာရေး၊ အစိုးရဌာနများမှ သတင်းရယူခွင့် တစ်ပြေးညီရရှိရေး၊ သတင်းသမား
များ လုံခြုံရေးနှင့် ကာကွယ်မြှင့်တင်နိုင်ရေးစသည့်
အကြောင်းအရာများကို အလေးအနက်ထား အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ညီလာခံမှ တိုင်းရင်းသားမီဒီယာမူဝါဒ
ရေးဆွဲရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းရန်၊ တိုင်းရင်းမီဒီယာ ဖွံ့ဖြိုးရှင်သန်ရေးအတွက်
တိုင်းရင်းသား သတင်းသင်တန်းကျောင်း တည်ထောင်
ရန်၊ တိုင်းရင်းသားသတင်းဌာနများ ရေရှည်ရှင်သန် ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ မူဝါဒ
တစ်ရပ် ရေးဆွဲဆောင်ရွက်ရန်၊ ပြည်တွင်း
လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု
ဖြစ်စဉ်များအား ပြည်သူလူထု ပိုမိုသိရှိနိုင်ရေး
အတွက် တိုင်းရင်းမီဒီယာများအနေဖြင့် တိကျမှန်ကန်
ပြည့်စုံသော သတင်းထုတ်လုပ်မှုများကို တိုးမြှင့်
ဆောင်ရွက်သွားရန်၊ အရည်အသွေးပြည့်ဝသော
တိုင်းရင်းသား သတင်းသမားများ ပိုမိုပေါ်ထွန်း
လာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများက ဆက်လက်ကူညီ ဆောင်ရွက်ပေးရန် အစရှိသည့် ဆုံးဖြတ်ချက် (၅)ချက်ကို ချမှတ်ခဲ့ကြောင်းသိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment