Thursday, May 31, 2018

လိုင်ယွန်တိုက်စစ်မှူး နာဘီလ်ဖီကီယာအား လီဗာပူး ခေါ်ယူမည်

Image may contain: 4 people, people playing sports and outdoor
လီဗာပူးအသင်းသည် လိုင်ယွန်တိုက်စစ်မှူး နာဘီလ်ဖီကီယာအား စာချုပ်ချုပ်ဆိုခေါ်ယူရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
အသက် (၂၄) နှစ်အရွယ်ရှိ တိုက်စစ်မှူး ဖီကီယာအား ကလပ်အသင်းအတော်များများက ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း လီဗာပူးအသင်းနည်းပြ ကလော့က စောစီးစွာ ကမ်းလှမ်းလာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် တိုက်စစ်မှူး ဖီကီယာကမူ ယင်းသို့သတင်းများ ထွက်ပေါ်နေသော်လည်း လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ မစီစဉ်ရသေးကြောင်းနှင့် လိုင်ယွန်အသင်းကလည်း ဖီကီယာ၏ အပြောင်းအရွှေ့နှင့်စပ်လျဉ်း၍ ပေါင် ၅၃ သန်းအထိ လိုချင်ကြောင်း ပြောကြားထားသည်။
လီဗာပူးအသင်းသည် ဖီကီယာအပြင် ဒေါ့မွန်ကစားသမား ပူလီဆစ်ကိုလည်း စိတ်ဝင်စား လျက်ရှိပြီး ပူလီဆစ်အား ချယ်လ်ဆီးအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ပေါင် ၅၃ သန်း ပေးပြီး ခေါ်ယူရန်အသင့်ရှိနေကြောင်း သိရသည်။ ပူလီဆစ်အား လီဗာပူးအသင်း၊ ချယ်လ်ဆီး အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းအပြင် စပါးအသင်းကလည်း စိတ်ဝင်စားလျက်ရှိသည်။
နည်းပြ ကလော့အနေဖြင့် ဖီကီယာအား ပစ်မှတ်ထားနေခြင်းမှာ တိုက်စစ်ပိုင်းတွင် မာနေးနှင့် ဆာလတ်တို့ကို အထောက်အကူဖြစ်စေရန်ဖြစ်ပြီး လက်ရှိတွင် မိုနာကို ကွင်းလယ် ကစားသမား ဖာဘင်ဟိုကိုခေါ်ယူရန် သဘောတူညီထားခဲ့ပြီးဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment