Wednesday, May 2, 2018

မြန်မာနိုင်ငံနှင့် ကျူးဘားနိုင်ငံအကြား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍများတွင် နည်းပညာဖလှယ်ရေး ဆွေးနွေး

Image may contain: 18 people
နေပြည်တော် မေ ၁
ကျူးဘားနိုင်ငံ ဟာဗားနားမြို့၌ ဧပြီ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် International Convention on Public Health “Cuba Salud 2018” သို့ ပါဝင်တက်ရောက်ခဲ့သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၉ ရက်တွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိခဲ့သည်။
“Cuba Salud 2018” သို့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများအပါအဝင် နိုင်ငံပေါင်း ၉၄ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၃ဝဝဝ ကျော် တက်ရောက်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “Social Determinants and Health Equity” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဟာဗားနားမြို့၌ ရှိနေစဉ်အတွင်း ကျူးဘားနိုင်ငံ ဒုတိယသမ္မတနှင့် ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ပြည်သူ့ကျန်းမာရေးဝန်ကြီးDr. Roberto Morales Ojeda အား ဧပြီ ၂၇ ရက် နံနက်ပိုင်းကHavana Convention Centre၌ သွားရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ကျူးဘားနိုင်ငံသမ္မတအသစ်အဖြစ် ဧပြီ ၁၉ ရက်တွင် ရွေးချယ် တင်မြှောက်ခြင်းခံရသည့် H.E. Mr. Miguel Mario Diaz- Canel Bermudezထံသို့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးအပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကျူးဘားနိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘက်စုံ ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေး၊ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍများတွင် နှစ်နိုင်ငံ အကျိုးတူ နည်းပညာဖလှယ်ရေး စသည့် ကိစ္စများနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ကျူးဘားနိုင်ငံခရီးစဉ်အတွင်း ကျူးဘားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းလည်း လိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment