Thursday, May 31, 2018

အသင်းဟောင်း စပါးကိုပြန်သွားမည်မဟုတ်ဟုဂါရတ်ဘေးလ် ပြောကြား

Image may contain: 1 person, playing a sport, grass, shoes and outdoor
ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဂါရတ်ဘေးလ် သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းဟောင်း စပါးအသင်းသို့ ပြန်သွားမည် မဟုတ် ကြောင်း ပြောကြားလိုက်သည်။
တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် လီဗာပူး အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲအပြီး အသင်းတွင် ပုံမှန်ပွဲထွက်ကစားခွင့်ရလိုကြောင်း ပြောကြားခဲ့ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်းတွင် ဆက်ရှိရန် မသေချာသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိလာခဲ့သည်။
ဂါရတ်ဘေးလ်သည် ၂ဝ၁၃ ခုနှစ်က စပါး အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ကြေး ပေါင် ၈၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာခဲ့မည်ဆိုပါက စပါးအသင်းက ဂါရတ်ဘေးလ်အား ပြန်လည်ခေါ်ယူ မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် တိုက်စစ်မှူး ဂါရတ်ဘေးလ်၏ ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းသည် ၂ဝ၂၂ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်သည့်အပြင် အခွန်ဆောင်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် လေးသိန်းအထိ ဝင်ငွေရရှိရန်လည်း ဂါရတ်ဘေးလ်က မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ငွေကြယ်

No comments:

Post a Comment