Thursday, May 31, 2018

မုန်တိုင်းငယ်အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးရေချိန် ခုနစ်လက်မကျော်အထိ ရွာသွန်း

Image may contain: 1 person, car and outdoor
မုံရွာ မေ ၃ဝ
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် မိုးရေချိန် ၇ ဒသမ ဝ၁ လက်မအထိ မိုးရွာသွန်းမှုရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာန၏ မှတ်တမ်းများအရ သိရသည်။
''စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မိုးလေဝသ စခန်း ၁၈ ခုက ပေးပို့ချက်တွေအရ မေလအတွင်း မှာ မိုးရွာသွန်းရက်က မေ ၃ဝ ရက်အထိ ၁၇ ရက် ရှိခဲ့ပါတယ်၊ အခုတစ်ကြိမ်ရွာသွန်းတဲ့ မိုးရေချိန်က အများဆုံးပဲ၊ ၂ဝ၁၇ ခုနှစ်တုန်းက မေလတစ်လလုံး မှာ မိုးရွာသွန်းရက် ၁ဝ ရက်ရှိခဲ့ပါတယ်၊ မိုးရေချိန် အနေနဲ့ ဖောင်းပြင်မြို့မှာ တစ်လလုံး ၁၁ ဒသမ ၇၃ လက်မအထိ အများဆုံးရွာသွန်းခဲ့ပြီး ကသာ မြို့နယ်မှာတော့ တစ်လလုံးမှာ မိုးရေချိန် ၄ ဒသမ ၁၇ လက်မနဲ့ အနည်းဆုံးရွာသွန်းခဲ့ပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
မေ ၃ဝ ရက် မိုးရွာသွန်းမှုအခြေအနေအရ ခန္တီးမြို့တွင် မိုးရေချိန် ၁ ဒသမ ၃၃ လက်မ၊ ဟုမ္မလင်းမြို့တွင် မိုးရေချိန် ၂ ဒသမ ဝ၈ လက်မ၊ ဖောင်းပြင်မြို့တွင်မိုးရေချိန် ၇ ဒသမ ဝ၁ လက်မ၊ မော်လိုက်မြို့တွင်မိုးရေချိန် ၂ ဒသမ ၉၉ လက်မ၊ ကလေးဝမြို့တွင် မိုးရေချိန် ၂ ဒသမ ၃၆ လက်မ၊ တမူးမြို့တွင် မိုးရေချိန် ၃ ဒသမ ၂၆ လက်မ၊ မုံရွာမြို့တွင်မိုးရေချိန် ၂ ဒသမ ၉၁ လက်မ၊ ရေဦး မြို့တွင် မိုးရေချိန် ၁ ဒသမ ဝ၂ လက်မ၊ ကန့်ဘလူ မြို့တွင် မိုးရေချိန် သုည ဒသမ ၉၄ လက်မ၊ စစ်ကိုင်း မြို့တွင် မိုးရေချိန် ၁ ဒသမ ၆၁ လက်မ၊ မြင်းမူမြို့ တွင် မိုးရေချိန် ၂ ဒသမ ၉၁ လက်မ၊ ကသာမြို့တွင် မိုးရေချိန် သုည ဒသမ ၂၈ လက်မ၊ ပင်လည်ဘူး မြို့တွင် မိုးရေချိန် ၁ ဒသမ ၆၅ လက်မ၊ ကနီမြို့ တွင်မိုးရေချိန် ၂ ဒသမ ၈၃ လက်မ၊ မင်းကင်းမြို့တွင် မိုးရေချိန် ၂ ဒသမ ဝ၁ လက်မ၊ ကလေးမြို့တွင် မိုးရေချိန် ၂ ဒသမ ၄ဝ လက်မ၊ ရွှေဘိုမြို့တွင် မိုးရေချိန် ၁ ဒသမ ၃၄ လက်မ တို့ရွာသွန်းခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရ သည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment