Thursday, May 31, 2018

ငါန်းဇွန်မြို့အဝင် ချောင်းရေကျဆင်း၊ ခရီးသွားပြည်သူများ သွားလာရေးအခက်အခဲဖြစ်

Image may contain: one or more people, sky, beach, outdoor, nature and water
ငါန်းဇွန် မေ ၃ဝ
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ မေ ၂၉ ရက် ညပိုင်းက မိုးရွာသွန်းမှုများပြားခဲ့၍ ငါန်းဇွန်မြို့အဝင် မီးပျံချောင်းတွင် ချောင်းရေကျဆင်းမှု များပြားခြင်းကြောင့် မြို့အဝင် ငါန်းဇွန်-တံတားဦးကားလမ်း ရေကျော်သဖြင့် ပြည်သူများ ခရီးသွားလာရေးအခက်အခဲဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကားလမ်းရေကျော် သည့်နေရာတွင် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရန် မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းဇော်မြင့် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ဆွေ ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးတို့ ပူးပေါင်း ၍ မေ ၃ဝ ရက် နံနက်မှစပြီး ခရီး သွားပြည်သူများ ဖြတ်ကူးရန်အပြင် ဆိုင်ကယ်၊ စက်ဘီးများ အန္တရာယ် ကင်းစွာ ဖြတ်ကူးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သက်နောင်ဦး(ငါန်းဇွန်)

No comments:

Post a Comment