Wednesday, April 4, 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အမေရိကန်နိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အကြီးတန်းတာဝန်ခံMs.Charlotte Oldham-Mooreဦးဆောင်သောအဖွဲ့ တွေ့ဆုံ

Image may contain: one or more people, people sitting, table and indoor
စစ်တွေ ဧပြီ ၃
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အမေရိကန်နိုင်ငံ အထက် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အကြီးတန်းတာဝန်ခံMs.Charlotte Oldham-Mooreဦးဆောင်သော အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်မှ နိုင်ငံခြားရေးရာကော်မတီဝင်များအဖွဲ့သည် ယနေ့ညနေ ၃ နာရီတွင် ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထားရေးဆောင်ရွက်နေမှု၊ ပြန်လည်ဝင်ရောက်လာသူများအတွက် လက်ခံရေးစခန်း များနှင့် ကြားစခန်းများ တည်ဆောက်ပြီးဆောင်ရွက်နေမှု၊ နိုင်ငံတကာမှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ တွင် အကူအညီအထောက်အပံ့များပေးနေမှု၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ မောင်တောဒေသသို့ လစဉ် သွားရောက်သတင်းရယူနေမှု၊ IDP စခန်းများတွင် နေထိုင်သူများအတွက် ကောင်းမွန်သော နေအိမ်များ တည်ဆောက်နိုင်ရေးဆောင်ရွက်နေမှုနှင့် UN၊ INGOsများက ပြည်နယ်အတွင်း အကူအညီအထောက်အပံ့များ ပေးနေမှုတို့ကို ဆွေးနွေးကြသည်။
အမေရိကန်နိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အကြီးတန်းတာဝန်ခံ Ms. Charlotte Oldham-Moore နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ သက်ကယ်ပြင်ကျေးရွာနှင့် အောင်မင်္ဂလာရပ်ကွက်တို့မှ အစ္စလာမ်ဘာသာဝင်များ၊ UN၊ INGOsအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment