Tuesday, April 3, 2018

ကန်ဒါဟာပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်

Image may contain: one or more people and outdoor
ကဘူး ဧပြီ ၂
အာဖဂန်နစ္စတန်နိုင်ငံ၌ အစိုးရတပ်ဖွဲ့က မတ် ၃၁ ရက်တွင် နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးဆင်နွှဲစဉ် တာလီဘန် လက်နက်ကိုင် စုစုပေါင်း ၃ဝ ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁ဝ ဦးကို ဒဏ်ရာရရှိစေကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၂ ရက်တွင် သတင်း ထုတ်ပြန်သည်။
ဖျက်ဆီးနိုင်ခဲ့
အာဖဂန်နစ္စတန် ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့က မတ် ၃ဝ ရက် ညပိုင်းမှ စတင်၍ ကန်ဒါဟာပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည်။ တာလီဘန် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး ၎င်းတို့၏ တပ်စခန်းပေါင်း ၁ဝ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
တာလီဘန် လက်နက်ကိုင်အဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းတွင် တက်ကြွစွာ လှုပ်ရှားလာနေပြီး မတ် ၃၁ ရက်တွင် တာလီဘန် စစ်သွေးကြွများက စစ်ဘက်ဆိုင်ရာ ကင်းလှည့်ကားတစ်စီးကို တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
အာဖဂန်နစ္စတန် သမ္မတသည် အစိုးရအနေဖြင့် တာလီဘန် လက်နက်ကိုင်အဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သော်လည်း တာလီဘန်အဖွဲ့က အေးတိအေးစက်တုံ့ပြန်ခဲ့သည်။
တာလီဘန်အဖွဲ့သည် မြို့တော်ကဘူးအပါအဝင် ဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment