Monday, April 30, 2018

တိုင်းဒေသကြီးအဆင့် အခြေခံကင်းထောက် သင်တန်းဖွင့်ပွဲ အုတ်ဖိုမြို့ တွင် ကျင်းပ

Image may contain: one or more people and people sitting
အုတ်ဖို ဧပြီ ၂၉
သာယာဝတီခရိုင် အုတ်ဖိုမြို့ အခြေခံပညာအထက်တန်းကျောင်း ဧရာခန်းမ၌ ဧပြီ ၂၉ ရက် နံနက် ၈ နာရီခွဲက မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပဲခူးတိုင်း ဒေသကြီးအနောက်ပိုင်း တိုင်းဒေသကြီးအဆင့် ကင်းထောက်အခြေခံသင်တန်း(၁/၂ဝ၁၈)ဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားကို အ-ထ-ကအုတ်ဖို ကင်းထောက်မောင်မယ်လေးများက ပြည်သူ့အတွက် အစဉ်သင့်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ တိုင်းဒေသကြီးတိုင်းပညာရေးမှူး ညွှန်ကြားရေးမှူး ဦးကျော်ဆင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းနှင့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အမျိုးသား ကင်းထောက်အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာတင်ညိုတို့က သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ၁၄ မြို့နယ်မှ ဆရာ ဆရာမ ၇ဝ တက်ရောက် ကာ လေ့လာသူအဖြစ် ကျောင်းသား ကျောင်းသူ ၁ဝဝ တက်ရောက်ကြောင်း သိရသည်။
အောင်သူဆွေ

No comments:

Post a Comment