Monday, April 30, 2018

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကဆုန်ညောင်ရေသွန်းလောင်းသူများနှင့် ကောင်းမှုပြုသူများ တာချီလိတ်၌ စည်ကား

Image may contain: 1 person, crowd, tree and outdoor
တာချီလိတ် ဧပြီ ၂၉
၁၃၈ဝ ပြည့်နှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဧပြီ ၂၉ ရက် နံနက်ပိုင်းက တာချီလိတ်မြို့ ကျက်သရေ ဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပရိဝုဏ်၌ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဓမ္မစကြာ ရွတ်ဆိုအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရသည်။
အလားတူ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၏ (၄၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင် ရေသွန်းပွဲတော်ကို ငွေတောင်ဦးခြေတော်ရာပါဒ စေတီတော်ရင်ပြင်၌ ကျင်းပရာ ဗောဓိညောင်ပင် အား ပန်း၊ ရေချမ်း၊ အမွှေးနံ့သာ၊ ဆီမီးတို့ လှူဒါန်းပူဇော်ခြင်း၊ ညောင်ရေသွန်းလောင်း ပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် စတုဒိသာလှူဒါန်း၍ ကုသိုလ်ကောင်းမှု ပြုသူ များဖြင့် အထူးစည်ကားများပြားကြောင်း သိရ သည်။

ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment