Wednesday, March 28, 2018

Super Junior ရဲ့ တေးအယ်လ်ဘမ်သစ်အတွက် ဓာတ်ပုံများ ထုတ်ဖော်ပြသ

Image may contain: 6 people, people standing
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ် တဲ့ ''Super Junior''ဟာ တေး အယ်လ်ဘမ်သစ်နဲ့အတူ ပရိသတ်ရှေ့ အရောက်ပြန်လာဖို့ စီစဉ်ထားရာ လတ်တလောမှာတော့ ယင်းတေး အယ်လ်ဘမ်သစ်အတွက် ရည်ရွယ် ရိုက်ကူးထားတဲ့ အဖွဲ့လိုက်ဓာတ်ပုံ တွေကို ထုတ်ဖော်ပြသလိုက်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။
အဖွဲ့ဟာ လာမယ့် ဧပြီ ၁၂ ရက်မှာ တေးအယ်လ်ဘမ်သစ်ကို စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ယင်းတေးအယ်လ်ဘမ်ဟာ ထုတ်လွှင့် ခဲ့ပြီးဖြစ်တဲ့ တေးအယ်လ်ဘမ် ''Play''မှာပါဝင်တဲ့ တေးသီချင်းတွေနဲ့ တေးသီချင်းသစ်တွေကို ရောနှောကာ ပြန်လည်ဆန်းသစ်ထုတ်လွှင့်သွားမှာဖြစ်ပြီး အမည်ကိုတော့ ''Replay''လို့သာ ပေးထားတာဖြစ်ပါတယ်။ ယင်းတေးအယ်လ်ဘမ်သစ်မှာတော့ တေးသီချင်းဟောင်း ၁ဝ ပုဒ်နဲ့ တေး သီချင်းသစ် လေးပုဒ် ပါဝင်မှာဖြစ်တယ် လို့လည်း သိရပါတယ်။
လတ်တလောမှာ ယင်းတေး အယ်လ်ဘမ်သစ်အတွက် ''Super Junior''ရဲ့ အဖွဲ့လိုက်ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့ရာမှာတော့ အဖွဲ့ဝင် တွေဟာ လက်တင်တို့ရဲ့ ဝတ်စား ဆင်ယင်မှုပုံစံမျိုးနဲ့ ပြင်ဆင်ထားတာ ကို တွေ့ရပါတယ်။ ဒီလိုဝတ်စား ဆင်ယင်ခဲ့တာဟာ တေးအယ်လ်ဘမ် သစ်မှာ လက်တင်တေးသီချင်းတစ်ပုဒ် ပါဝင်ပြီး အမည်ကတော့ ''Lo Siento'' ဖြစ်ပါတယ်။ ဒါ့အပြင် အခြားတေးသီချင်းသစ် သုံးပုဒ်က ''Me & U''၊ ''Super Duper''နဲ့ ''ံHug''တို့ ဖြစ်ကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment