Sunday, March 4, 2018

ခရီးထွက်အပန်းဖြေခြင်းဖြင့် စိတ်ခွန်အားသစ်များနှင့် ပျော်ရွှင်နွေးထွေးမှုကို ခံစားရရှိစေနိုင်

Image may contain: 1 person, crowd and outdoor
မန္တလေး မတ် ၃
သဘာဝအမွေအနှစ်ရှိရာ ဒေသများ သို့ သွားရောက်အပန်းဖြေအနားယူ ခြင်းဖြင့် စိတ်ခွန်အားသစ်များနှင့် ပျော်ရွှင်နွေးထွေးမှုကို ခံစားရရှိစေ နိုင်ကြောင်း ရုံးပိတ်ရက်ရှည်ကာလ အတွင်း မန္တလေးမြို့သို့လာရောက် ကျသည့် ပြည်တွင်းခရီးသွားများက ပြောကြားသည်။
ရုံးလုပ်ငန်းတာဝန်များဖြင့် အချိန် ကုန်နေကြသည့် ပြည်သူများ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ သဘာဝ အမွေအနှစ်များရှိရာ ဒေသများသို့ ယခုလို ရုံးပိတ်ရက်ရှည်ခံစားရရှိသည့် ကာလများတွင် လာရောက်အနား ယူခြင်းကြောင့် စိတ်ခွန်အားသစ် များကို ခံစားရရှိစေကြောင်း မန္တလေး မြို့ရှိ တောင်သမန်အင်းနှင့် ဦးပိန် တံတားသို့ မကွေးမြို့မှ လာရောက် အပန်းဖြေကြသည့် စိုက်ပျိုးရေး ဝန်ထမ်းများက ပြောသည်။
''ဒီတစ်ခါ ရုံးပိတ်ရက်ရှည်ရတဲ့ ကာလမှာ အကျိုးရှိအောင်အသုံး ချဖို့ အပန်းဖြေခရီးထွက်လာတာပါ၊ဦးပိန်တံတားနဲ့ တောင်သမန်အင်း အလှက စိတ်ကို လန်းဆန်းစေသလို ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ဒီးဒုတ် ရေပြာအိုင်စခန်းမှာ ရေကစားခဲ့ရတာ လည်း ပေါ့ပါးလွတ်လပ်မှုကို ရရှိခဲ့ ပါတယ်၊ ဒါကြောင့်ကျွန်တော်တို့လို ဝန်ထမ်းတွေအနေနဲ့ အားအင်သစ် တွေနဲ့ တာဝန်တွေ ပြန်ထမ်းဆောင် နိုင်ဖို့ ဒီလိုခရီးထွက်အပန်းဖြေမှုတွေ လုပ်ပေးသင့်တယ်''ဟု ၎င်းတို့က ပြောသည်။
ထို့ပြင် စဥ့်ကိုင်မြို့နယ်မှ ပြင်ဦးလွင် မြို့အနီးရှိ ဒီးဒုတ်ရေတံခွန်ဆင်စခန်း သို့ လာရောက် လည်ပတ်ကြသည့် ဦးခင်မောင်ဝင်းကလည်း ''သားသမီး တွေ ရုံးပိတ်ရက်ကာလနဲ့ မြေးတွေ ကျောင်းပိတ်ချိန် ဆုံတုန်းလေး ပျော် ပျော်ပါးပါး ခရီးထွက်လာကြတာပါ၊ အဓိကအနေနဲ့ မြေးတွေပျော်ရွှင်ပြီး မိသားစုနွေးထွေးမှုတွေ ရရှိစေဖို့ ဒီလိုအပန်းဖြေစခန်းတွေကို ရွေးပြီး လည်ပတ်ခဲ့ပါတယ်''ဟု ပြော သည်။
မန္တလေးတိုင်းဒေသကြီးသည် ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ စိတ်ကို ကြည်လင်လန်းဆန်းစေသည့် သဘာဝအမွေအနှစ်များ ဖြစ်သော တောတောင်ရေမြေ သဘာဝရှုခင်း အလှအပများ ပေါများရာဒေသ ဖြစ်ခြင်းကြောင့် ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ရှည် ကာလများတွင် ပြည်တွင်းခရီးသွားများ များပြားစွာ လာရောက်လေ့လာ အပန်းဖြေ အနားယူလျက်ရှိကြောင်း သိရ သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment