Saturday, March 31, 2018

ပြည်တွင်းသတင်းမီဒီယာအဖွဲ့ ငန်းချောင်းကျေးရွာနှင့် အိုးထိန်းကျေးရွာများသို့ ကွင်းဆင်းသတင်းရယူ

Image may contain: 5 people, people standing, tree and outdoor
စစ်တွေ မတ် ၃ဝ
စစ်တွေမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း သတင်းမီဒီယာအဖွဲ့ သည် ယနေ့ နံနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိကြပြီး ငန်းချောင်းကျေးရွာနှင့် အိုးထိန်းကျေးရွာတို့သို့ မြေပြင်ကွင်းဆင်း သတင်းရယူကြသည်။
ရှေးဦးစွာ ပြည်တွင်းသတင်းမီဒီယာအဖွဲ့သည် မောင်တော မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့်တွေ့ဆုံပြီး မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ စနစ်တကျပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား(Identity Card for National Verification)ထုတ်ပေးနေမှုနှင့် လယ်ယာမြေကိစ္စရပ်များအပါအဝင် အခြားသိရှိလိုသည်များကို မေးမြန်း သတင်းရယူကြသည်။
မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် မောင်တော မြို့နယ်ရှိ အစ္စလမ်ဘာသာဝင်များနေထိုင်ရာ ငန်းချောင်းကျေးရွာ သို့ရောက်ရှိကြပြီး ကျေးရွာသားများနှင့်တွေ့ဆုံကာ လက်ရှိ နေထိုင်စားသောက်မှု၊ ကျေးရွာတည်ငြိမ်အေးချမ်းမှု၊ နေရပ်စွန့်ခွာ မှုအခြေအနေအပါအဝင် ၎င်းတို့သိရှိလိုသည်များကို မေးမြန်း သတင်းရယူကြသည်။
ယင်းနောက် အိုးထိန်းကျေးရွာသို့ ရောက်ရှိကြပြီး မြိုတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့်တွေ့ဆုံကာ အကြမ်းဖက်တိုက်ခိုက်ခံရမှုအခြေအနေ၊ လက်ရှိတည်ငြိမ် အေးချမ်းမှု အခြေအနေအပါအဝင် အခြားသိရှိလိုသည်များကို မေးမြန်းသတင်းရယူကြသည်။
ဆက်လက်၍ အိုးထိန်းကျေးရွာ၌ မြိုတိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များနေထိုင်ရန် နေအိမ်များဆောက်လုပ်ပေးနေမှု ကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် မြိုလူမျိုးများအား အိုးထိန်းကျေးရွာအနီး၌ ယာယီနေရာချထားပေးမှု အခြေအနေကို သွားရောက်လေ့လာကြ သည်။
သတင်းစဉ်

No comments:

Post a Comment