Friday, March 30, 2018

ဘရာဇီးလက်ရွေးစင်ဘောလုံးသမားဟောင်း အက်ဒ်မီဆင် သရုပ်ပြဘောလုံးပွဲသို့ တက်ရောက်အားပေး



ရန်ကုန် မတ် ၂၉

ဘရာဇီးလက်ရွေးစင် ဘောလုံးသမားဟောင်း အက်ဒ်မီဆင်သည် ယနေ့ညနေပိုင်းတွင် သုဝဏ္ဏ မြက်ခင်းတုကွင်း၌ ကျင်းပသည့် သရုပ်ပြဘောလုံးပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကာ ဆုချီးမြှင့်ခဲ့သည်။ သရုပ်ပြဘောလုံးပြိုင်ပွဲအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ယူ-၁၃ အသင်းနှင့်ီမနွေှာမငေည အသင်းတို့မှ ကစား သမားများအား ပေါင်းစပ်ကာ နှစ်သင်းခွဲ၍ ယှဉ်ပြိုင်စေခဲ့ပြီး အက်ဒ်မီဆင်ကိုင်တွယ်သည့် အပြာအသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ ဘောလုံးပွဲမစတင်မီ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ကျေးဇူးတင်စကားပြောကြားပြီး ပထမပိုင်း အပြီးတွင် တေးသံရှင် အမွန်းက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ဘရာဇီး လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ဒ်မီဆင်က အနိုင်ရခဲ့သည့် အပြာအသင်းအား ဆုဖလားချီးမြှင့်ကာ ကလေးငယ်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

မြန်မာလူငယ်ဘောလုံးသမားများအား ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးရန် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဘရာဇီးလက်ရွေးစင် ဘောလုံးသမားဟောင်း အက်ဒ်မီဆင်သည် ယမန်နေ့က မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဘရာဇီးလက်ရွေးစင်ဘောလုံးသမား ဟောင်း အက်ဒ်မီဆင်နှင့်အဖွဲ့အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မြန်မာ့ဘောလုံး တိုးတက်ရေးအတွက် နည်းစနစ်အကူအညီပေးရန်နှင့် အခြားကိစ္စရပ်များအတွက် ဘရာဇီးဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

သတင်း-ရှိုင်းထက်ဇော်၊ဓာတ်ပုံ-စိုးညွန့်



No comments:

Post a Comment