Monday, February 26, 2018

သက်ငယ်မုဒိမ်းမှုအား ကြီးလေးသောအပြစ်ဒဏ်ချမှတ်ရေး Photo Campaign ပြုလုပ်

Image may contain: 11 people, people standing and outdoor

ပခုက္ကူ ဖေဖော်ဝါရီ ၂၅
သက်ငယ်မုဒိမ်းမှု မဖြစ်ပေါ်စေရန်နှင့် သက်ငယ်မုဒိမ်းမှုဖြစ်ပေါ်ခဲ့ပါက ကြီးလေး သော အပြစ်ဒဏ်ချမှတ်ပေးရေး အသိပညာ ပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှငPhoto Campaign ကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈ နာရီက ပခုက္ကူမြို့ မြို့မလမ်းနှင့် ထင်းတန်းလမ်းထောင့် လွတ်လပ်ရေးပန်းခြံ ရှေ့၌ ပြုလုပ်သည်။
သက်ငယ်မုဒိမ်းမှုမဖြစ်ပေါ်စေရန် အသိ ပညာပေး လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေ ပေးခြင်း၊ သက်ငယ်မုဒိမ်းမှုဖြစ်ပေါ်ခဲ့ပါက ကြီးလေးသော အပြစ်ဒဏ်ချမှတ်ပေးရေး ဆန္ဒပြုလက်မှတ်များ ကောက်ခံခြင်း၊Photo Campaign တွင် ဓာတ်ပုံဝင်ရောက်ရိုက်ကူးစေခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါ Photo Campaign ကို ဒေသခံ လူငယ်များက တရားဝင်ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် လွတ်လပ်ရေးပန်းခြံရှေ့နှင့် ညနေ ၃ နာရီမှ ၆ နာရီအထိ ဗိုလ်ချုပ်ပန်းခြံရှေ့တို့တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)

No comments:

Post a Comment