Thursday, February 1, 2018

ရန်ကုန်တောင်ပိုင်းခရိုင် ကလေးစာပေပွဲတော် ဆုချီးမြှင့်ပွဲ သန်လျင် ၌ ကျင်းပ

Image may contain: 1 person
ရန်ကုန် ဇန်နဝါရီ ၃၁
ကလေးများ စာအုပ်စာပေ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာ
ရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း ပူးပေါင်း
အလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရှိစေ
ရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်
ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရေးရည်ရွယ်ချက်များဖြင့် ရန်ကုန်တောင်
ပိုင်းခရိုင် ကလေးစာပေပွဲတော်ကို နှစ်ရက်တိုင်ကျင်းပခဲ့ပြီး ဇန်နဝါရီ ၃ဝ ရက် မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး
ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေ ပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဆုချီးမြှင့်ပွဲကို
သန်လျင်မြို့ မြို့သစ်အရှေ့ရပ်ကွက် အမှတ် (၂) အခြေခံပညာ အထက်တန်း
ကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့သည်။
ထို့နောက် ကလေးစာပေပွဲတော် ပြိုင်ပွဲများဖြစ်သော ကဗျာရွတ်ဆို
ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲစသည့်
ပြိုင်ပွဲအသီးသီးမှ ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ ရန်ကုန်
တောင်ပိုင်းခရိုင် ပညာရေးမှူး ဦးစိန်ဝင်းနှင့် တာဝန်ရှိသူများက ဆုရ
ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့
ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)

No comments:

Post a Comment