Wednesday, February 28, 2018

မြောက်ကိုရီးယားနိုင်ငံ မူဝါဒရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် နုတ်ထွက်ရန် ဆုံးဖြတ်

Image may contain: 2 people, suit


ဝါရှင်တန် ဖေဖော်ဝါရီ ၂၇

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မြောက်ကိုရီးယားနိုင်ငံမူဝါဒရေးဆိုင်ရာ အထူးကိုယ်စားလှယ်သည် ပုဂ္ဂိုလ်ရေးကိစ္စ ကြောင့် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အထူးကိုယ်စားလှယ် ဂျိုးဆက်ယန်က ပုဂ္ဂိုလ်ရေးကိစ္စများကြောင့် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟီတာနာယူရတ်က ၄င်း၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆွန်က အထူးကိုယ်စားလှယ် ဂျိုးဆက်ယန်၏နုတ်ထွက်စာကို စိတ်မပါစွာဖြင့် လက်ခံခဲ့ကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဟီတာနာယူရတ်က ဆက်လက်ပြောကြားခဲ့သည်။

ပြုံယမ်းအနေဖြင့် အမေရိကန်အစိုးရနှင့် နျူကလီးယားအရေး ဆွေးနွေးရန် ဆန္ဒရှိကြောင်း သတင်းထုတ်ပြန်မှုနှင့် အထူးကိုယ်စားလှယ် ဂျိုးဆက်ယန်၏ ရာထူးမှနုတ်ထွက်မှုသည် ဆက်စပ်မှုရှိကြောင်း မီဒီယာတချို့က သတင်း ရေးသားကြသည်။

အထူးကိုယ်စားလှယ် ဂျိုးဆက်ယန်သည် ၂ဝ၁၆ ခုနှစ် သမ္မတအိုဘားမားအစိုးရလက်ထက်တွင် ရာထူးခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်သည်။

အထူးကိုယ်စားလှယ် ဂျိုးဆက်ယန်က မြောက်ကိုရီးယားနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့မှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းပေးခဲ့သည်။ ယမန်နှစ် ဇွန်လက ဂျိုးဆက်ယန်သည် ပြုံယမ်းသို့ သွားရောက်ကာ အမေရိကန် ကျောင်းသား အိုတိုဝမ်ဘီယာ ပြန်လည်လွတ်မြောက်ရန် ကြိုးပမ်းခဲ့သူဖြစ်သည်။

အင်န်အိတ်ခ်ျကေ

No comments:

Post a Comment