Monday, February 26, 2018

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးလုပ်ငန်းအပေါ် လေ့လာဆန်းစစ်

Image may contain: one or more people
ရန်ကုန် ဖေဖော်ဝါရီ ၂၅
သံလွင်(နိုင်ငံသားစွမ်းရည်မြှင့်)အဖွဲ့က လေ့လာဆန်းစစ် ထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံ ရမှုများ ပြန်လည်စိစစ်ရေးလုပ်ငန်း သုတေသန မိတ်ဆက် ခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ အနီးရှိ City Starဟိုတယ်၌ ကျင်းပခဲ့သည်။
''ဒီပွဲရဲ့အဓိကရည်ရွယ်ချက်ကတော့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီရဲ့လုပ်ငန်းတွေ၊ အားနည်းချက်တွေ၊ အခက် အခဲတွေကို ပြုပြင်နိုင်ဖို့အတွက် လုပ်တာပါ၊ အဲဒါကို အထောက်အပံ့ဖြစ်စေမှာကတော့ ကော်မတီတွေသာမက သိမ်းဆည်းခံလယ်သမားတွေအတွက်လည်း မြေပြန်လည် ရရှိရေးကို အထောက်အပံ့ဖြစ်စေမှာပါ''ဟု ဦးသီဟသူ (ဒါရိုက်တာ၊ သံလွင်အဖွဲ့)က ပြောသည်။
အဖွဲ့၏ ကွင်းဆင်းသုတေသနပြုလုပ်ချက်များအရ တွေ့ရှိရသည့် အားနည်းချက်များမှာ ဗဟိုကော်မတီ၏ မူဝါဒပိုင်းများသာမက လယ်ယာမြေပြဿနာများနှင့် ပတ်သက်သည့်တိုင်ကြားစာများကိုလည်း မည်သည့် ကော်မတီအဆင့်မှ စတင်တိုင်ကြားရမည်ဆိုသည့်စနစ်ကို ထားရှိခြင်းမရှိသည့်အတွက် တိုင်စာများရှုပ်ထွေးဖောင်းပွ နေခြင်းများဖြစ်ပေါ်နေကြောင်း ဦးသီဟသူက ဆက်လက် ပြောသည်။
''အားနည်းချက်တွေအနေနဲ့က ဗဟိုကော်မတီရဲ့မူဝါဒ တွေအားနည်းတယ်၊ နောက်တစ်ခုက ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်တွေအောက်မှာမလုပ်ဘူး၊ ရှုပ်ထွေးနေတာ တွေရှိတယ်၊ ဘယ်လို့လဲဆိုရင် အရင်အစိုးရလက်ထက် တုန်းက မြေစုံစမ်းရေးကော်မရှင်တစ်ခုတည်းထားတယ်၊ အဲဒီမှာ တိုင်စာတွေကိုတစ်ခုတည်းလုပ်တယ်၊ အခုကျတော့ အမျိုးမျိုးတိုင်တော့ တိုင်စာတွေဖောင်းပွတယ်၊ register လည်းမလုပ်နိုင်ဘူး၊ အဓိကပြောချင်တာက အရင်တုန်းက မြေသိမ်းဆည်းမှုမှာ အဓိကပါဝင်နေတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရယ်၊ မြေစာရင်းဦးစီးဌာနရယ်၊ ဒီလူတွေကမြေ၊စစ်ကော်မတီမှာ အဓိကကျတဲ့အခန်းကဏ္ဍကပြန်ပါနေတဲ့အတွက် သူတို့လုပ်ပြီးသားအမှုတွေကို ပြန်စစ်ရတာဆိုတော့ တရားသူကြီးလည်းသူတို့ လုပ်ခဲ့တာ လည်းသူတို့ဆိုသလိုဖြစ်နေတယ်၊ အစိုးရအနေနဲ့ မြေ၊စစ် ကော်မတီကို ပြန်လည်ပြုပြင်ပြီး ကောင်းအောင်လုပ်နိုင် ဖို့အတွက် တိုက်တွန်းချင်ပါတယ်''ဟု ၎င်းကပြောသည်။
မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း ဒီမိုကရေစီ အလေ့ အထများပိုမိုဖွံ့ဖြိုးစေရန်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်း များ အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် သံလွင် အဖွဲ့ကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ သည်။ အဖွဲ့အနေဖြင့် နိုင်ငံတွင်း လယ်ယာအဓိကလုပ်ကိုင် ရာဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မအူပင်ခရိုင်များမှ သိမ်းဆည်းခံ တောင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အဆင့် (မြေ၊စစ်) ကော်မတီဝင်များနှင့် တွေ့ဆုံမေးမြန်းကာရရှိခဲ့သည့် စစ်တမ်းအရ ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်းတွင် မြေယာ သိမ်းဆည်းခံရမှုများကြောင့် ဆုံးရှုံးနစ်နာခဲ့မှုများကို ပြန်လည်ကုစားရန် အစိုးရဘက်မှ ကြိုးပမ်းဆောင်ရွက် ခဲ့သော်လည်း ထိရောက်သော အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ခင်ဇာလီ

No comments:

Post a Comment