Thursday, February 1, 2018

မောင်တောမြို့၌ မီးလောင်မှုဖြစ်


Image may contain: night and outdoor=====

မောင်တော ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ် မောင်တောမြို့ ရွေဇားအုပ်စု ကမ်းပိုင်နားကျေးရွာတွင် ယနေ့ နံနက် ၁ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်စင် ဦးဆောင်သောအဖွဲ့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာသူ ကျေးရွာသားများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်မှု ဖြစ်စဉ်မှာ မောင်တောမြို့နယ် ရွေဇားအုပ်စု ကမ်းပိုင်နား ကျေးရွာနေ ရာဇောက်ဒူလာ၏နေအိမ်ရှိ မီးဖိုမီးကျန်မှတစ်ဆင့် အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ခဲ့ပြီး ၎င်းနေအိမ်နှင့်ဘေးကပ်လျက်ရှိ နေအိမ်ခြောက်လုံးအား မီးကူးစက်လောင်ခဲ့သဖြင့် ရာဇောက်ဒူလာအား ပြင်ဖြူနယ်ခြားစောင့် ရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment