Monday, February 5, 2018

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အဆောက်အအုံ အကြီးစားပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများ ဆွေးနွေး

Image may contain: 4 people, people sitting, table and indoor
ရန်ကုန် ဖေဖော်ဝါရီ ၎
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အမှတ် (၆ဝ၄/၆ဝ၈) ကုန်သည်လမ်း ပန်းဘဲ တန်းမြို့နယ်ရှိ အဆောက်အအုံ ကြံ့ခိုင်မှုနှင့် အကြီးစားပြင်ဆင်မွမ်းမံ ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများ နှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ ရှင်းလင်းတင်ပြခြင်း အခမ်းအနားနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် အဆိုပါအဆောက်အအုံ ရှင်းလင်းခန်းမဆောင်၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမျိုးသား စာကြည့်တိုက်(ရန်ကုန်)ကို အမျိုးသား စာကြည့်တိုက် အင်္ဂါရပ်များနှင့် ကိုက်ညီရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းနှင့် ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့တို့က နိုင်ငံတော် သမ္မတထံ စာရေးသားတင်ပြခဲ့ကြ ကြောင်း၊ နိုင်ငံတော်သမ္မတက ပြည်သူ များသွားလာရလွယ်ကူပြီး အချက်အချာ ကျသည့် ယခုအဆောက်အအုံကို အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ တစ်ဆက် တည်းတွင် အဆင့်မီ ခင်းကျင်းရေး နှင့် စနစ်တကျ Layout Planရေးဆွဲ ပြီး ပြင်ဆင်ဆောင်ရွက်ကြရန်လည်း တာဝန်ရှိသူများကို ခေါ်ယူလမ်းညွှန် မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် အသစ် ဖွင့်လှစ်မည့် အမျိုးသားစာကြည့်တိုက် ကို သမားရိုးကျစာကြည့်တိုက် နည်း စနစ်နှင့် ဝန်ဆောင်မှုများသာမက ခေတ်မီ သတင်းအချက်အလက် နည်းပညာများနှင့် ဝန်ဆောင်မှုပေးနိုင် ရန်အတွက် ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်း။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် ယခုအဆောက် အအုံပြင်ဆင်မှုလုပ်ငန်းကို အမျိုးသား စာကြည့်တိုက်(ရန်ကုန်) အကြီးစား ပြင်ဆင်မှုလုပ်ငန်းအဖြစ် ဆောက်လုပ် ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီး ဌာနကို လုပ်ငန်းအပ်နှံခဲ့ရာ ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် လုပ်ငန်းများ စတင်ခဲ့ကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ကုန်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအလယ်တွင် ဝင့်ကြွားစွာ ရပ်တည်နိုင်သည့် အဆင့်မီ အမျိုးသား စာကြည့်တိုက်ကြီး ပေါ်ထွက်လာရန် အတွက် အမျိုးသားစာကြည့်တိုက် အကြီးစားပြင်ဆင်မှုကို တာဝန်ယူ ဆောင်ရွက်ပေးနေသော ဆောက်လုပ် ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် နေသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အကြံဥာဏ်များပေးကြသည့် ပုဂ္ဂိုလ် များ၊ အဖွဲ့အစည်းများ၊ ပညာရှင်များ ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ယင်းနောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ အဆောက်အဦ ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဇော်က တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားကာ စာကြည့်တိုက် အကြီးစားပြင်ဆင်မှု လုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment