Sunday, February 25, 2018

ငွေတွေကို ဖြုန်းတီးပစ်တဲ့အတွက် မန်နေဂျာဟောင်းကို တရားစွဲဆိုခဲ့တဲ့ လီဆာမာရီပရက်စလေ

Image may contain: 1 person, text
ကမ္ဘာကျော် တေးသံရှင်ကြီးတစ်ဦးဖြစ်တဲ့ အဲဗစ်ပရက်စလေရဲ့ သမီးဖြစ်သူ လီဆာမာရီ ပရက်စလေက သူ့အနေနဲ့ ဖခင်ဆီက အမွေ ဆက်ခံရရှိထားတဲ့ ပိုင်ဆိုင်မှုတွေကုန်ဆုံးသွား ခဲ့ရတာနဲ့ပတ်သက်ပြီး ငွေတွေကို ဖြုန်းတီး ပစ်ခဲ့တယ်လို့ စွပ်စွဲကာ သူ့ရဲ့မန်နေဂျာဟောင်း ကို တရားစွဲဆိုထားတာဖြစ်တယ်လို့ အေ့စ်ရှိုး ဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
လီဆာမာရီပရက်စလေဟာ အကြွေး အမေရိကန်ဒေါ်လာ ၁၆ သန်းတင်နေပြီး သူ့လက်ထဲမှာ ပိုက်ဆံ အမေရိကန်ဒေါ်လာ ၁၄ဝဝဝ ခန့်သာ ကျန်ရှိတော့တဲ့အချိန်မှာတော့ သူ့ရဲ့ငွေကြေးမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့ သူ ဘယ်ရီစီးဂဲလ်ကို တရားစွဲဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့ငွေတွေကို အဆင်အခြင်မရှိသုံးစွဲခဲ့တာကို မတားမြစ်ခဲ့တဲ့အတွက်လည်း အပြစ်တင်ခဲ့ ကြောင်းလည်း သိရပါတယ်။
လီဆာရဲ့ ထုတ်ဖော်ပြောကြားချက်အရ အဲဗစ်ပလက်စလေလုပ်ငန်းစုမှာ ရင်းနှီးမြှုပ်နှံမှု တွေကနေ ရရှိလာခဲ့တဲ့ ငွေတွေကို ဘယ်ရီဟာ ကောအန်တာတိန်းမန့်တည်ထောင်ဖို့ရာ သုံးစွဲ ခဲ့ပြီး ယင်းဖျော်ဖြေရေးကုမ္ပဏီဟာ လက်ရှိမှာ တော့ ဒေဝါလီခံခဲ့ရပြီဖြစ်ပါတယ်။ ဒါ့အပြင် သူက ဘယ်ရီဟာ သူ့အနေနဲ့ လိုအပ်တာထက် ပိုမိုကာ ငွေကြေးသုံးစွဲနေတာတွေကို သတိပေး ခဲ့ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။ တရားရုံး မှတ်တမ်းတွေအရ ကောအန်တာတိန်းမန့်ကို တည်ထောင်ပြီးနောက်ပိုင်း ဘယ်ရီဟာ လီဆာမာရီပရက်စလေကို တိကျမှန်ကန်တဲ့ ငွေစာရင်းတွေ ပြသခဲ့ခြင်းမရှိကြောင်းနဲ့ လီဆာကို ငွေရေးကြေးရေးနဲ့ပတ်သက်ရင် အမြဲအဆင်ပြေနေယောင်ဆောင်ကာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအခြေအနေကောင်းတဲ့ဟန် ယုံကြည်လာအောင် ပြောကြားခဲ့ ကြောင်းလည်း သိရပါတယ်။
အသက် ၅ဝ အရွယ် ရှိပြီဖြစ်တဲ့ တေးသံရှင်တစ်ဦးဖြစ်သူ လီဆာမာရီပရက် စလေက ဘယ်ရီစီးဂဲလ်ဟာ သူရင်းနှီးထားတဲ့ အရာတွေရဲ့ ၈၅ ရာခိုင်နှုန်းကို ရောင်းချခဲ့တာ ဖြစ်ပေမယ့် အားလုံးဆုံးရှုံးခဲ့ရကြောင်းဆိုပါ တယ်။ ဘယ်ရီစီးဂဲလ်ဘက်ကတော့ လီဆာဟာ ဘဝမှာ ခက်ခဲတဲ့အချိန်တွေကို ကြုံတွေ့ခဲ့ရပြီး နောက် သူ့ရဲ့အသုံးအဖြုန်းကြီးမှုတွေနဲ့ မှားယွင်းတဲ့ အနေအထိုင်အပြုအမူတွေကို တာဝန်ယူခြင်းမရှိတဲ့အပြင် အခြားသူတွေကို သာ အပြစ်လွှဲချတာဖြစ်တယ်လို့ ဆိုပါ တယ်။
အေးပြည့်

No comments:

Post a Comment