Monday, February 26, 2018

ပေါင်းတည်မြို့တွင် မီးသတ်စခန်းအသစ်ဖွင့်ပွဲကျင်းပ

Image may contain: one or more people, people standing and people on stage
ပေါင်းတည် ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်၏ မီးသတ်စခန်းအသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က ဈေး (၂) ရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ အဆိုပါ မီးသတ်စခန်းရှေ့၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းအောင်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၊ ပြည်ခရိုင် မီးသတ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်၊ မြို့နယ်မီးဘေးလုံခြုံရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့်Home Land Construction Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးအောင်မျိုးမင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အအောက်အအုံသစ်အား တိုင်းဒေသကြီး မီးသတ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မြင့်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
မီးသတ်စခန်းသစ်မှာ နှစ်ထပ်RC အဆောက်အအုံဖြစ်ပြီး မီးသတ်ကား ထားရန်နေရာ၊ အစည်းအဝေးခန်းမ၊ ပစ္စည်းစတိုခန်းများနှင့် တပ်ဖွဲ့ဝင်များ၏ နေအိမ်လိုင်းခန်းများပါရှိကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)

No comments:

Post a Comment