Sunday, February 25, 2018

မြေအောက်ရေအသုံးပြု၍စိုက်ပျိုးထားသည့် ပြောင်းဖူးစိုက်ခင်းများအောင်မြင်

Image may contain: plant, flower, nature and outdoor
ညောင်ဦး ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာမှ ဒေသခံတောင်သူများသည်ယာမြေ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။
လက်ပံခြေပေါ်အုပ်စုရှိ တောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးသည့် ပြောင်းဖူးစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါစိုက်ခင်းများမှထွက်ရှိသည့် ပြောင်းဖူးများကိုလည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လက်လီရောင်းချသည့်ဈေးသည်များက စိုက်ခင်းအရောက် နေ့စဉ် လာရောက်ဝယ်ယူနေကြခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။
''သီးနှံစိုက်ပျိုးတဲ့အခါမှာလည်း မိုးရေအပြင် မိုးကုန်တဲ့အချိန်မှာ ကိုယ်ပိုင်တူးဖော်ထားတဲ့ အဝီစိတွင်းကမြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုးကြပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ရွာက တောင်သူတွေ မြေအောက်ရေနဲ့စိုက်ပျိုးထားတဲ့ ပြောင်းဖူးခင်းမှန်သမျှ ဖြစ်ထွန်းအောင်မြင်နေပါတယ်။ ရေသွင်း စိုက်တဲ့ပြောင်းဖူးဆိုတော့ အဖူးကလှ လာဝယ်တဲ့ သူတွေများပါတယ်။ အများဆုံး လာဝယ်ကြတာ တော့ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူ၊ ငါ့သရောက် မြို့တွေက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အနီးဝန်းကျင်ရွာတွေက လက်လီရောင်းချတဲ့ ဈေးသည်တွေ လာ ရောက်ဝယ်ယူကြတာများပါတယ်'' ဟု ဒေသခံ ပြောင်းစိုက်တောင်သူ ဦးမင်းညိုက ပြောသည်။
တစ်ဖူးကိုကျပ် ၁၅ဝ ဖြင့်ရောင်းချရပြီး အများ ဈေးဖြင့်ဝယ်ယူလျှင် ၁ဝ ဖူးဈေး ကျပ် ၁၃ဝဝ ဖြင့် ရောင်းချပေးကာ လူကြိုက်များသည့်အတွက် တောင်သူများ စီးပွားရေးတွက်ခြေကိုက်လျက်ရှိ ကြောင်း သိရသည်။
ကိုထိန် (ငါ့သရောက် ပြန်/ဆက်)

No comments:

Post a Comment