Thursday, February 1, 2018

လီဗာပူးအသင်း အဝေးကွင်းနိုင်ပွဲရပြီး အာဆင်နယ် ရှုံးပွဲကြုံခဲ့

Image may contain: 3 people, people playing sports, stadium and outdoor
ပရီမီယာလိဂ်ပွဲစဉ်(၂၅)၏ အစောပိုင်းပွဲစဉ် များအဖြစ် ဇန်နဝါရီ ၃ဝ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် လီဗာပူး အသင်းသည် အဝေးကွင်းတွင် ဟက်ဒါဖီးလ် အသင်းကို အနိုင်ရရှိခဲ့သော်လည်း လီဗာပူး အသင်းကဲ့သို့ အဝေးကွင်းသို့ သွားရောက် ကစားခဲ့ရသည့် အာဆင်နယ်အသင်းမှာမူ အိမ်ရှင် ဆွမ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ရသည်။
လီဗာပူးအသင်းသည် ယင်းပွဲစဉ်တွင် ဟက်ဒါဖီးလ်အသင်းကို အမ်မရီကန်၊ ဖာမီနို နှင့် ဆာလက်တို့၏ သွင်းဂိုးများဖြင့် သုံးဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းနိုင်ပွဲရရှိခဲ့ခြင်း ကြောင့် လီဗာပူးအသင်းမှာ ရမှတ် ၅ဝ ရရှိခဲ့ ကာ အမှတ်ပေးဇယား၏ အဆင့်(၄)နေရာသို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။
ဟက်ဒါဖီးလ်အသင်းမှာ နောက်ဆုံး ကစားခဲ့သည့် ခုနစ်ပွဲတွင် တစ်ပွဲမျှ နိုင်ပွဲမရရှိ ခဲ့သော်လည်း လီဗာပူးအသင်းမှာမူ နောက်ဆုံး ကစားခဲ့သည့် ပရီမီယာလိဂ် ၁၆ ပွဲတွင် ၁၁ ပွဲနိုင်ပြီး ၄ ပွဲ သရေရလဒ် ထွက်ပေါ်ထားကာ တစ်ပွဲသာလျှင် ရှုံးပွဲကြုံထားခဲ့သည့် အသင်း ဖြစ်သည်။
ဖာမီနိုသည် ယခုပွဲစဉ်တွင် တစ်ဂိုးသွင်း ယူနိုင်ခဲ့ခြင်းကြောင့် လီဗာပူးအသင်း၏ နောက်ဆုံးကစားခဲ့သည့် ပရီမီယာလိဂ် ၁၂ ပွဲတွင် ရရှိခဲ့သည့်သွင်းဂိုးများအနက် ၁ဝ ဂိုး အထိ ပါဝင်ပတ်သက်မှုရှိခဲ့ပြီး ရှစ်ဂိုးသွင်းယူ ထားကာ နှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဆွမ်ဆီးအသင်းနှင့် အာဆင်နယ်အသင်း တို့၏ ပွဲစဉ်တွင် အာဆင်နယ်အသင်းသည် မွန်ရီးယဲလ်၏ သွင်းဂိုးဖြင့် အဝေးကွင်းတွင် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း တစ်မိနစ်အကြာ တွင် ပေးလိုက်ရသည့် ချေပဂိုးအပြင် နောက်ထပ် နှစ်ဂိုး ထပ်မံခွင့်ပြုပေးလိုက်ရခြင်း ကြောင့် အာဆင်နယ်အသင်း အဝေးကွင်းတွင် သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်သည် ဆွမ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ပရီမီယာလိဂ်အဆင့်(၄)စာရင်းဝင်မည့် မျှော်လင့်ချက် ထပ်မံဝေးကွာ သွားခဲ့ရပြီး အဆင့်(၄)တွင် ရပ်တည်နိုင်ခဲ့သည့် လီဗာပူးနှင့်လည်း ရှစ်မှတ်အထိ ကွာဟသွား ခဲ့ပြီဖြစ်သည်။ ဇန်နဝါရီ ၃ဝ ရက် ညပိုင်းက ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်(၂၅)၏ အခြား ပွဲစဉ်ဖြစ်သည့် ဝက်စ်ဟမ်းနှင့် ခရစ္စတယ် ပဲလေ့တို့ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
ငွေကြယ်

No comments:

Post a Comment