Thursday, February 1, 2018

ဇမ္ဗူသီရိမြို့နယ်၌ သစ်ရွက်စိမ်းမြေသြဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြ

Image may contain: tree, outdoor and nature
နေပြည်တော် ဇန်နဝါရီ ၃၁
သစ်ရွက်စိမ်းမြေသြဇာ ပြုလုပ်သုံးစွဲ နည်း ကွင်းသရုပ်ပြပွဲကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်း ကျေးရွာအုပ်စုJICA စံပြစိုက်ကွင်း၌ ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ နေပြည်တော် စိုက်ပျိုး ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ဦး ကြိုင်နှင့် ဝန်ထမ်းများ၊ နေပြည်တော် ရှစ်မြို့နယ်မှ တောင်သူများ တက်ရောက် ကြည့်ရှုလေ့လာကြသည်။
တိုင်းဦးစီးမှူး ဦးတင်ဦးကြိုင်က သစ်ရွက်စိမ်းမြေသြဇာကို အသုံးပြု ခြင်းသည် အရင်းနည်းပြီး အမြတ်များ သော စနစ်ဖြစ်ကြောင်း၊ တောင်သူ လယ်သမားများအနေဖြင့် ကိုယ်တိုင် ထုတ်လုပ်အသုံးပြုနိုင်သဖြင့် မြေသြဇာ အတွက် ငွေကုန်မှုနည်းပါးသွားမည် ဖြစ်ကြောင်း၊ သဘာဝမြေသြဇာများကို သုံးစွဲလာသည်နှင့်အမျှ မြေဆီလွှာတွင် နိုက်ထရိုဂျင်တိုးတက်စေပြီး မြေဆီ၊ မြေသြဇာများလည်း ကောင်းမွန်လာ မည်ဖြစ်ကြောင်း၊ စရိတ်နည်းနည်းနှင့် သီးနှံအထွက်တိုးလိုလျှင် သစ်ရွက်စိမ်း မြေသြဇာကို အလေးထားသုံးစွဲစေလို ကြောင်း ပြောကြားသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အတွင်း နွေစပါးစိုက်ပျိုးရန် လျာထား ဧက ၈ဝဝ အနက် မတ်ပဲ၊ ပဲလွမ်း၊ ပဲပိစပ် နှင့် ပိုက်ဆံလျှော်တို့ဖြင့် သစ်ရွက်စိမ်း မြေသြဇာအသုံးပြုမည့် ဧက ၈ဝ ရှိ ကြောင်း၊ မြေဆီလွှာဌာန သုတေသန ပြု တွေ့ရှိချက်များအရ သစ်ရွက်စိမ်း မြေသြဇာအား ထယ်ထိုးနစ်မြုပ်ထား သည့် အပင်အသက်မှာ (၄ဝ မှ ၄၅) ရက်သား အချိန်ဖြစ်ကြောင်း၊ ထယ်ထိုး နစ်မြုပ်ထားပြီး အနည်းဆုံး ၁ဝ ရက် အကြာ ဆွေးမြည့်စေပြီးမှ ပင်မစိုက်ပျိုး မည့် သီးနှံများကို စိုက်ပျိုးရမည်ဖြစ် ကြောင်း၊ မြေအတွင်း၌ မြေဆွေးဓာတ် ကြွယ်ဝစေရန် သဘာဝမြေသြဇာထည့် မည်ဆိုပါက တစ်ဧက ငါးတန်ထည့်ပေး နိုင်မှ မြေဆီမြေသြဇာ တိုးတက် ကောင်းမွန်လာမည်ဖြစ်သောကြောင့် သစ်ရွက်စိမ်းမြေသြဇာကို အသုံးပြုစေ လိုကြောင်း ဇမ္ဗူသီရိမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်အောင်က ပြောသည်။
သန့်မောင်

No comments:

Post a Comment