Sunday, February 4, 2018

ဘာသာရေးညီညွတ်မှုမြှင့်တင်ခြင်းနှင့် ဘာသာပေါင်းစုံညီညွတ်ရေးဆိုင်ရာကိစ္စများ ဆွေးနွေး

Image may contain: 3 people, people sitting, table, food and indoor
ရန်ကုန် ဖေဖော်ဝါရီ ၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုသည် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် အခြေစိုက်သည့် HWPL (Heavenly Culture, World Peace, Restoration of Light)မှ ဥက္ကဋ္ဌ Mr. Man Hee Leeအား ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel ၌ ယမန်နေ့ ည ၇ နာရီခွဲတွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဘာသာရေးညီညွတ်မှုမြှင့်တင်ခြင်းနှင့် ဘာသာပေါင်းစုံညီညွတ်ရေးဆိုင်ရာကိစ္စများ၊ ယဉ်ကျေးမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ဦး၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသာဉာဏ်၊HWPLအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ Ms. Yoon Hyun Sook၊ လူငယ်အဖွဲ့ ဥက္ကဋ္ဌ Mr. Tae Ho Kang နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြ သည်။
သတင်းစဉ်

No comments:

Post a Comment