Tuesday, January 30, 2018

မြိတ်မြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP သင်တန်းနှင့် အသိပညာပေးဟောပြော

Image may contain: one or more people, people sitting and indoor
မြိတ် ဇန်နဝါရီ ၂၉
မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ GAP သင်တန်းနှင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုနှင့် တုံဗျောကျေးရွာအုပ်စုတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်က ဒေသခံတောင်သူများGAP စိုက်နည်းစနစ်ပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုးကGAP စနစ်၏ အဓိကလုပ်ငန်း ၁၆ ရပ်တွင် စိုက်ပျိုးမြေ နေရာ ရွေးချယ်ခြင်း၊ ရေ၊ မျိုးစေ့၊ ပျိုးပင်၊ မြေသြဇာနှင့် မြေဆီလွှာ ဖြည့်စွက် ပစ္စည်းများ၊ စိုက်ပျိုးပင်များပြုစုစောင့်ရှောက်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း စသည့်အချက်များ အတိုင်း ဂရုတစိုက်လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက တောင်သူများ စိုက်ပျိုးမှု အလေအလွင့်နည်းပါးပြီး အောင်မြင်မှုများရရှိကြမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)

No comments:

Post a Comment