Wednesday, January 31, 2018

မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အခမ်းအနား ကျင်းပ

Image may contain: 2 people, people standing
ရန်ကုန် ဇန်နဝါရီ ၃ဝ
မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင် များအသင်း (Myanmar Steel Association)၏ နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိMelia Yangon Hotel (Ballroom)၌ ဇန်နဝါရီ ၂၇ ရက် ညနေ ၆ နာရီက ကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သံမဏိ လုပ်ငန်းရှင်များအသင်း (Myanmar Steel Association)၏ ဥက္ကဋ္ဌ ဦးစစ်တိုင်းအောင်က ကြိုဆိုနှုတ်ခွန်း ဆက်အမှာစကားနှင့် အသင်းကြီး ပေါ်ပေါက်လာပုံ၊ အသင်း၏ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ Korea Chamber of Commerce in Myanmar မှ Chairman Mr. Yoon Hun Sup က အမှာစကားပြောကြားပြီး ဧည့်သည် တော်များနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များ အသင်းအား Mottama Holding Group ၏ Chairman ဦးရန်ဟော် အပါအဝင် အခြားသော သံမဏိ ထုတ်ကုန်ဆိုင်ရာ လုပ်ငန်းရှင်များ ဖြစ်ကြသည့် ဦးစစ်တိုင်းအောင် (Mottama Developement)၊ ဦးညွန့်ဦး (Htarwara Company)၊ ဦးကျော်ကျော်ဦး (Steel King)၊ ဦးကျော်အောင် (Benhur)၊ ဦးမျိုးထွေး (Pro 1 Home Center)၊ ဦးမျိုးမြင့် (Myo Naing Nine)၊ ဒေါ်ညွန့်ရီ (Shwe Mann Yeik)၊ ဦးအောင်ကျော်စိုး (Mother's Trading)၊ ဦးကျော်စိန် (Kyaw Brothers)၊ ဦးကျော်မောင် (Golden Village) စသည့် လုပ်ငန်းရှင် ၁၁ ဦးတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထား ခြင်းဖြစ်ပြီး အသင်းဝင်များ လက်ခံ လျက်ရှိရာ အသေးစိတ်သိရှိလိုပါက ရုံးခန်းတည်ရှိရာ Mahaland Centerအမှတ်(၅၆) ကမ္ဘာအေးစေတီလမ်း (၇) ရပ်ကွက် ရန်ကင်းမြို့နယ် ဖုန်း-ဝ၉-၉၆၄၈၆၇၃၅၇နှင့် ဝ၉-၉၅ ၁၉၄ဝ၇၃၃ တို့သို့ ဆက်သွယ်နိုင်ပြီး www.myanmarsteelassociation.org တွင်လည်း လေ့လာနိုင်ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment