Wednesday, January 24, 2018

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးစနစ် အခင်းအကျင်းပြောင်းလဲရေး အတွင်းရေးမှူးချုပ် အန်သော်နျူး ၈ူးတဲရက်ရှ်တိုက်တွန်း

Image may contain: 4 people, people sitting and table
ကုလသမဂ္ဂ ဇန်နဝါရီ ၂၃
၂ဝ၃ဝ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး အစီအစဉ်အရ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေးစနစ်ကို ပြန်လည်၍ အခင်းအကျင်းပြောင်းလဲနိုင်ရေး အတွက် နည်းလမ်းကောင်းများရှာဖွေကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်သော်နျူး ဂူးတဲရက်ရှ်က တိုက်တွန်းလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇန်နဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
၂ဝ၃ဝ ပြည့်နှစ် အစီအစဉ်သည် လူသား မျိုးနွယ်တစ်ရပ်လုံး၏ အကျိုးအတွက် အရဲရင့် ဆုံး ဆောင်ရွက်ချက်အဖြစ် အကောင်အထည် ဖော်သွားရမည်ဖြစ်ကြောင်း၊ တရားမျှတသော ကမ္ဘာလွှမ်းခြုံစနစ်ကိုလည်း ယင်းအစီအစဉ်က ကိုယ်စားပြုကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ရည်မှန်းချက်များပေါက်မြောက်ရေး၊ ရာသီ ဥတုပြောင်းလဲမှု ထိန်းညှိရေးဆိုင်ရာ ပါရီ သဘောတူညီချက်၏ ကတိကဝတ်များ ပြည့်ဝ လာရေးတို့အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် လုပ်ရိုးလုပ်စဉ် သမားရိုးကျသွားနေ၍ ဖြစ်နိုင် မည်မဟုတ်ကြောင်း ဂူးတဲရက်ရှ်က ဇန်နဝါရီ ၂၂ ရက်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးစနစ် ပြန်လည် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီ ရင်ခံစာ ထုတ်ပြန်သော အခမ်းအနားတွင် ပြောကြားသည်။
လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသော ကမ္ဘာကြီးတွင် ကုလသမဂ္ဂဖွံ့ဖြိုးရေးစနစ်အား ဖြည်းဖြည်းနှေးနှေး ပြုပြင်ပြောင်းလဲနေ၍ အလုပ်မဖြစ်နိုင်ကြောင်း ဂူးတဲရက်ရှ်က ပြော ကြားသည်။
ညှိနှိုင်းဆွေးနွေးမှုများ တိုးတက်ရေး၊ ပွင့် လင်းမြင်သာမှုရှိရေး၊ တာဝန်ယူမှု တာဝန်ခံမှု ရှိရေး စသည့်ရည်မှန်းချက်များ ပါဝင်သော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ခုနစ်ရပ်ကို ၎င်းက အဆိုပြုထားသည်။
ကုလသမဂ္ဂ၏နိုင်ငံအလိုက် ဖြန့်ကြက် ထားသော အစုအဖွဲ့များအား မျိုးဆက်သစ် အစုအဖွဲ့များအဖြစ် ပြောင်းလဲရေး၊ ဌာနေ အခြေစိုက် ညှိနှိုင်းရေးမှူးစနစ် အားကောင်း မောင်းသန်ဖြစ်ရေး၊ ၂ဝ၃ဝ ပြည့်နှစ်အစီအစဉ် အတွက် မိတ်ဖက်ပြု ဆောင်ရွက်ရာတွင် ချဉ်းကပ်မှုပုံစံ တိုးတက်ရေး၊ ကုလသမဂ္ဂ၏အဖွဲ့အစည်းအလိုက် တုံ့ပြန်ဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းရေး၊ ပိုမိုထိရောက်စွာ အသုံးပြုနိုင်မည့် ရန်ပုံငွေရရှိရေးတို့မှာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ပါဝင်သည် ဆို၏။
ဆင်ဟွာ

No comments:

Post a Comment