Wednesday, January 31, 2018

ရဲချုပ်တံခွန်စိုက်ဒိုင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်

Image may contain: 3 people, people standing
ရန်ကုန် ဇန်နဝါရီ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် အားကစားခန်းမ၌ ပထမအကြိမ် ရဲချုပ်တံခွန်စိုက်ဒိုင်း စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက် ၉ နာရီတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားကို ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်နိုင်သူက အဖွင့်မိန့်ခွန်း ပြောကြားပြီး နောက်ဆုံးဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်ခဲ့ကြသည့် တစ်ဦးချင်း ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့သည်။
ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၃) လေ့ကျင့်ရေးသင်တန်းကျောင်း၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဆုရရှိသူများ အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ကလည်းကောင်း၊ နှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် တတိယဆုရရှိသည့် စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှ ဆုရရှိသူများအား အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကို ကလည်းကောင်း၊ အသင်းလိုက် ရဲချုပ်တံခွန်စိုက်ဒိုင်း ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တို့အား ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်နိုင်သူ ကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နည်းပြချုပ်၊ ဒိုင်ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများအား ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်နိုင်သူက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment