Saturday, January 27, 2018

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတ္တမအကြိမ် တိုင်းရင်းသားလူမျိုးစုများဈေးရောင်းပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

Image may contain: 5 people, people sitting, people eating, table and indoor
မန္တလေး ဇန်နဝါရီ ၂၆
မန္တလေးမြို့တွင် အခြေချနေထိုင်ကြသော ကချင်၊ ကရင်၊ ကယန်း၊ ကိုးကန့်၊ ချင်း၊ တောင်ရိုး၊ တအာင်း၊ နာဂ၊ ပအိုဝ်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ အင်းသား စသည့် တိုင်း ရင်းသား လူမှုရေးအသင်းအဖွဲ့များ၏ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတ္တမအကြိမ် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၃၅ လမ်းရှိ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းရုံး အစည်းအဝေးခန်းမ ၌ ဇန်နဝါရီ ၁၉ ရက် နံနက် ၁၁ နာရီတွင် ကျင်းပသည်။
ရှေးဦးစွာ ရှမ်းတိုင်းရင်းသား သာရေး နာရေးအသင်း နာယက ဦးစိုင်းပန်းဆိုင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးစိုင်းဆိုင်မိုင်းက (၇၁)နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ် သတ္တမအကြိမ် တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော် ကျင်းပနိုင်ရေး နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် တက်ရောက်လာသော တိုင်းရင်းသား လူမျိုးစု ၁၅ စုမှ တာဝန်ရှိသူများက ဆွေးနွေး ပြောကြားသည်။
(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတ္တမအကြိမ် တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော်ကို မန္တလေး မြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အဆင့်မြင့်အားကစားကွင်း၌ ဖေဖော်ဝါရီ ၁ဝ ရက်မှ ၁၂ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာအစားအစာ များ၊ အသုံးအဆောင်ပစ္စည်းများ၊ အဝတ် အထည်များ၊ အရောင်းဆိုင်များ၊ ပြခန်းများ နှင့် တိုင်းရင်းသားများရိုးရာယဉ်ကျေးမှု ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment